ဗြိတိန်လွှတ်တော်ရပ်နားတာက ဥပဒေနဲ့ မညီဘူးလို့ ဗဟိုတရားရုံးက ထုတ်ပြန်

၂၄ စက်တင်


ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  လွှတ်တော်ကို သီတင်းငါးပတ်ရပ်နားဖို့ ဆုံးဖြတ်ခဲ့တာဟာ ဥပဒေနဲ့ မညီဘူး ဗဟိုတရားရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဂျွန်ဆင်က သူရဲ့ မူဝါဒအသစ်ကို ဘုရင်မကြီးက မိန့်ခွန်းပြောနိုင်ရန် အချိန်ပေးတဲ့အနေနဲ့ လွှတ်တော်ကို သီတင်းငါးပတ် ရပ်နားခဲ့တာလို့ ပြောပါတယ်။ 


ဒါပေမယ့် အဲဒီလို လွှတ်တော်ကို ရပ်နားတာဟာ ဥပဒေနဲ့မညီဘူးလို့ တရားရုံးက ထုတ်ပြန်ကြေညာပါတယ်။ ဗဟိုတရားရုံးရဲ့ ဥက္ကဌ လေဒီ ဟေး က အခုလိုလွှတ်တော်ရပ်နားတာက ဒီမိုကရေစီရဲ့ အခြေခံအချက်လက်တွေ ကို သက်ရောက်စေတယ်လို့ ပြောဆိုပါတယ်။ ဒီဆုံးဖြတ်ချက်ကို တရားသူကြီး ၁၁ ဦး ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ 


အခုတော့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ဥက္ကဌတွေ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။


အောက်လွှတ်တော် ဥက္ကဌ က ဂျွန်ဘာကိုးက လွှတ်တော်အမြန်ဆုံး ပြန်ခေါ်ရမယ်လို့ ဗဟိုတရားရုံးဆုံးဖြတ်ချက် အပြီးမှာ ပြောဆိုသလို အတိုက်ခံ လေဘာပါတီခေါင်းဆောင် ဂျယ်ရမီ ကိုဘင် က ဝန်ကြီးချုပ်နှုတ်ထွက်ရန် ပြောဆိုပါတယ်။ 


MDN
ကိုးကား - AFP