ဘယ်လ်ဂျီယံနိုင်ငံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများက ပူတာအိုခရိုင်ပြည်သူ့ဆေးရုံတွင် အခမဲ့ ခွဲစိတ်ကုသပေး

ပူတာအို  ၆  အောက်တိုဘာ

 

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှု၊ ထူးဖောင်ဒေး ရှင်း၏ အဓိကပံ့ပိုးကူညီမှုနှင့် Medical Action Myanmar ၊ ကြက်ခြေနီ ၊ ခရိုင်ကုသရေးဦးစီးဌာနတို့ဝိုင်းဝန်း ပံ့ပိုးကူညီမှုဖြင့် ဘယ်လ်ဂျီယံနိုင်ငံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများက ယနေ့ နံနက် ၁၀ နာရီမှစတင်၍ ပူတာအိုခရိုင်ပြည်သူ့ ဆေးရုံတွင် အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။

 

1

 

 

ကျန်းမာရေးကုသမှုတွင် ဘယ်လ်ဂျီယံနိုင်ငံမှ Dr. Patrick Tonnard ဦးဆောင်သော ခွဲစိတ်အထူးကု ဆရာဝန်(၁၂)ဦး ၊ မြန်မာနိုင်ငံမှ အထူးကုဆရာဝန်ကြီးခြောက်ဦးက နှာခေါင်းကွဲ ၊ အာခေါင်ကွဲဝေဒနာရှင်များ၊ မီးလောင်၍ ရရှိသော မျက်နှာဒဏ်ရာများ၊ တိရစာ္ဆန်ဆွဲကုတ်ခြစ်မိဒဏ်ရာများ ၊ သွားနှင့် ခံတွင်းကျန်းမာရေး၊ မတော်တဆမှုကြောင့် ရရှိိသော ဒဏ်ရာအမျိုးမျိုးတို့ကို အောက်တိုဘာ ၆ ရက်မှ ၁၁ ရက်အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ၆ ရက်တိုင်တိုင် အခမဲ့ ခွဲစိတ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

2

 

 

အဆိုပါ ကျန်းမာရေးစောင့်ရွောက်မှု လုပ်ငန်းဆောင်ရွက်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင် ၊ ခရိုင်ဆေးရုံအုပ်ကြီး/ခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်နိုင်ဝင်း နှင့် ထူးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

ဖုန်ကန်(ပူတာအို)

 

3