ဘုတလင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလက်သမားသင်တန်း ဖွင့်လှစ်

ဘုတလင် ၁၆ မေ  

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလက်သမားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

222

 

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်း က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းနည်းပြ(၂)ဦးမှ သင်ထောက်ကူပစ္စည်း(၁၀) မျိုးဖြင့် စားပွဲ၊ ကုလားထိုင်စသည့် ပရိဘောဂပစ္စည်းများနှင့် အသေးစားအဆောက်အဦး ဆောက်လုပ်နိုင်သည့် အဆင့်အထိ သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

333

 

အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလက်သမားသင်တန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ တက်ရောက်ကြပြီး မေလ (၁၆) ရက်မှ ဇွန်လ (၄) ရက်အထိ (၂၀) ရက်ကြာ ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဟန်ထွန်း