ဘရာဇီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၅၉၅၉၄ ဦး ရှိပြီး ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော် အထိ မြင့်တက်

၁ ဇူလိုင်

 

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၀၂၀၄၁ ဦး ရှိပြီး သေဆုံးသူ  ၅၉၅၉၄ ဦး အထိ မြင့်တက်လာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါ ထပ်မံ ကူးစက်ခံရသူ ၃၃၈၄၆ ဦး ရှိပြီး  ၁၂၈၀ ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

ရောဂါ ကူးစက်ခံရမှုမှ ပြန်လည်ကျန်းမာရေး ကောင်းမွန်လာသူ ၇၉၀ဝ၄၀ ရှိကြောင်း ထိုဝန်ကြီးဌာန က ပြောကြားသည်။

 

 

နိုင်ငံအတွင်းရှိ လူဦးရေထူထပ်သော ဆောပိုလိုပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၂၈၁၃၈၀ ရှိပြီး ၁၄၇၆၃ ဦး သေဆုံးခဲ့သည်။

 

 

ရီယိုဒီဂျနဲရိုးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၂၆၁၁ ဦး ရှိပြီး သေဆုံးသူ ၁၀ဝ၈၀ ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို