ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်း၌မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၃ ဦးသေဆုံး၊ လူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း

မတ် ၂၅

ဘရာဇီးနိုင်ငံအရှေ့တောင်ပိုင်းတွင် မတ်လ ၂၂ ရက်ကစတင်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ၂၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၅၀၀၀ ကျော်သည် ၎င်းတို့၏နေအိမ်များမှဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြောင်း နိုင်ငံ၏အရပ်ဘက်ကာကွယ်ရေးအဖွဲ့က ယမန်နေ့ကပြောကြားသည်။ အက်စ်ပီရီတိုစန်တိုနှင့် ရီယိုဒီဂျနေရိုပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုအများဆုံးဖြစ်ပြီး ၁၅ ဦးနှင့် ရှစ်ဦး အသီးသီးသေဆုံးခဲ့ကြသည်ဟု ဖော်ပြထားသည်။ အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် ထိုပြည်နယ်များမှ လူပေါင်း ၅၀၀၀ ကျော်သည် ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို