ဘရာဇီး ရေကာတာ ကျိုးပေါက်မှု မှ သေဆုံးသူ ၅၈ ဦး ထိရှိ ၊ ၃၀၅ ဦး ပျောက်ဆုံးဆဲ

၂၈ ဇန်နဝါရီ

 

ဘရာဇီး သတ္တုတူးဖော်ရေး ဘာလီကုမ္ပဏီ  က ပိုင်ဆိုင်သည့် ဘီ-ခြောက် သတ္တုတူးဖော်ရေးဆည် ပြိုကျပြီးနောက် ရွှံ့ပြိုကျခဲ့ရာ ဘရာဇီး မြို့မှ လူပေါင်း ၂၄၀ဝ၀ ခန့် ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ကြကြောင်း သိရသည်။

 

သောကြာနေ့ နေခင်းပိုင်း က အဆိုပါ ကုမ္ပဏီ ဝန်ထမ်းများ နေ့လည်စာ စားသုံးနေကြချိန်တွင် ရေကာတာကျိုးပေါက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၄၀ ဦး နှင့် လူ ၃၀ဝ ကျော်ပျောက်ဆုံးနေကြောင်း မီနပ်စ် ဂျီရစ် မီးသတ်ဌာန က ယမန်နေ့ က သတင်းထုတ်ပြန်ခဲ့သည်။

 

11


ဘရာဇီး အရှေ့တောင်ပိုင်း မီနပ်စ် ဂျီရစ်ပြည်နယ် တွင် ယင်းရေကာတာ ကျိုးပေါက်မှုကြောင့် ၅၈ ဦး သေဆုံးပြီး ၃၀၅ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံ အာဏာပိုင်များ က ပြောသည်။

 

၎င်းရေကာတာကျိုးပေါက်သဖြင့် ပျောက်ဆုံးနေသူများထဲတွင်   ဘရာဇီး သတ္တုတူးဖော်ရေး ဘာလီ ကုမ္ပဏီ မှ အလုပ်သမားများ နှင့် ယင်းဒေသတွင် နေထိုင်သူများ ပါဝင်ကြောင်း ဖော်ပြထားသည်။ သေဆုံးသူ ၅၈ ဦးအနက် ၁၉ ဦး ၏ အမည်ကိုသာ သိရှိရသေးသည်။

 

ကိုးကား ဆင်ဟွာ

 

ဘာသာပြန် မြင့်မြင့်ချို

 

22