စက်တင်ဘာ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၈၇၇၂၅ ဦးရှိပြီး ယင်းရောဂါဖြင့် လူ ၉၀၀ ကျော်သေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာနက ယမန်နေ့ကဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၏လက်အောက်ရှိ ကျန်းမာရေးဌာန၏သတင်းထုတ်ပြန်ချက်အရ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် ဇူလိုင်လက ၂၀၄ ဦး၊ ဩဂုတ်လက ၃၄၂ ဦးနှင့် စက်တင်ဘာလ လက်ရှိအချိန်အထိ ၃၁၆ ဦးအပါအဝင် လူပေါင်း ၉၀၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေသည် ဇူလိုင်လက ၄၃၈၅၄ ဦး၊ ဩဂုတ်လက ၇၁၉၇၆ ဦးနှင့် စက်တင်ဘာလ လက်ရှိအချိန်အထိ ၆၃၉၁၇ ဦးရှိကြောင်း ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၃၀၀၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယင်းရောဂါဖြင့် ၁၆ ဦး ထပ်မံသေဆုံးခဲ့သည်။
ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရာမှကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၇၆၃၄၆ ဦးရှိလာသည်ဟု ကျန်းမာရေးဌာနက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို