ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သွေးလွန်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၆၀၀ ကျော်ရှိလာ

နိုဝင်ဘာ ၂၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နေ့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၉၅၉ ဦး ထပ်မံတွေ့ရှိခဲ့သည်။ ထိုရောဂါဖြစ်ပွားမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာနက ပြောကြားသည်။

နိုဝင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူ ၂၆၂ ဦး အပါအဝင် သေဆုံးသူပေါင်း ၁၆၁၀ ရှိလာသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၁၀၀၄၆ ဦး ရှိပြီး ယင်းရောဂါဖြင့်သေဆုံးသူပေါင်း ၁၆၀၀ ကျော်ရှိလာကြောင်း ဖော်ပြထားသည်။

ယခုနှစ်လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရာမှကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၃၀၄၈၆၉ ဦးရှိသည်ဟု ကျန်းမာရေးဌာနကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို