ဘီးလင်း မတ် ၂၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ပြည်သူများ မီးသတိမူရေးနှင့် စက်သုံးဆီ ဖူလုံမှုရှိစေရေး ညွှန်ကြားချက်များ ဆော်ဩခြင်းကို ယမန်နေ့ညနေပိုင်းက ဘီးလင်းမြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးတင်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတိမူရေးနှင့် စက်သုံးဆီဖူလုံမှုရှိစေရေး ညွှန်ကြားချက်များဖြစ်သော ပြည်သူများက စုံ/ မ သတ်မှတ်ချက်များနှင့်အညီ စက်သုံးဆီများဝယ်ယူရန်နှင့် စက်သုံးဆီဆိုင် များကလည်း ညွှန်ကြားချက်များအတိုင်း ရောင်းချစေရေးတို့ကို လိုက်လံ ဆော်ဩနှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)


