ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍဆွေးနွေးပွဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၁၄ မေ 
    

 

“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 


ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားအသင်း၊ မြန်မာအမျိုးသမီး စွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

dddfd

 


ရှေးဦးစွာ ဒေါက်တာရွှေလွှမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဆွေးနွေးပွဲသည် ရပ်ရွာလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် ပါဝင်ကြမည့် အမျိုးသမီးခေါင်းဆောင်များ၏ အခန်းကဏ္ဍကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဦးဆောင်ကျင်းပသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း။
    

 

အသင်းသည်နိုင်ငံတော်၏ တစ်ခုတည်းသော အမျိုးသားကြက်ခြေနီအသင်းဖြစ်ပြီး နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေအရ လူသားချင်းစာနာထောက်ထားမှု နယ်ပယ်တွင် နိုင်ငံတော်၏ အရန်အင်အားဖြစ်ပါကြောင်း၊ ထို့ကြောင့် လူသားအချင်းချင်း အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှု တိုးတက်ရရှိစေရေး၊ ငြိမ်းချမ်းသာယာမှု တိုးတက်ခိုင်မြဲစေရေးတို့အတွက် ရည်ရွယ်ပြီး နိုင်ငံအတွင်းသာမက နိုင်ငံပြင်ပအထိ အကူအညီလိုအပ်နေသည့် မည်သူ့ကိုမဆို ကိုးကွယ်သည့်ဘာသာ၊ အသားအရောင်၊ အဆင့်အတန်း၊ ဆင်းရဲချမ်းသာ၊ ဘာသာစကား၊ နိုင်ငံရေးအယူဝါဒ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားခြင်းမရှိဘဲ ကူညီစောင့်ရှောက် ပေးလျက်ရှိသည်ကို တွေ့ရပါကြောင်း။
    

 

ထိုသို့ ကူညီစောင့်ရှောက်မှုပေးရာ၌ အထူးသဖြင့် ဘေးအန္တရာယ်အခြေအနေ အမျိုးမျိုးတွင် ကြုံတွေ့ရသည့် အမျိုးသမီးများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများကို ပြန်လည်ကူညီပံ့ပိုးပေးသည့်အပြင် လူမှုပတ်ဝန်းကျင်တွင် ကိုယ်ပိုင်စွမ်းဆောင်ရည်များ ပိုမိုတိုးမြှင့်လာစေရန်အတွက် အမျိုးသမီးများ၏အခန်းကဏ္ဍကို အထူးအလေးပေးပြီး ကျား - မ တန်းတူအခွင့်အရေး ရရှိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။

 


အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိနိုင်ရန်အတွက် အသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီ အသင်းများဖက်ဒရေးရှင်း (IFRC)၏ ကျား-မ ရေးရာနှင့် ကွဲပြားခြားနားမှုကွန်ယက် (Gender and Diversity Network) အဖွဲ့ဝင်အဖြစ် ဝင်ရောက်ထားခြင်းကြောင့် အတွေ့အကြုံများစွာ ရရှိခဲ့ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ နယ်ပယ်အားလုံးတွင်လည်း အမျိုးသမီးများ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) တွင်ပါရှိသည့် မြန်မာနိုင်ငံရှိ အမျိုးသမီးများအားလုံးသည် သက်ဆိုင်ရာအစိုးရ၏ ပံ့ပိုးမှုဖြင့် စွမ်းဆောင်ရည်များ မြင့်မားလာပြီး ၎င်းတို့၏ အခွင့်အရေး ရပိုင်ခွင့်များကို အသိအမှတ်ပြုလက်ခံနိုင်ရေး၊ အပြည့်အဝခံစားရရှိနိုင်စေရေး၊ ကျား-မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက်များနှင့် အတူစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (Sustainable Development Goals) ၏ အမှတ်စဉ် (၅) ဖြစ်သည့် Gender Equality ကျား-မ တန်းတူညီမှုရရှိစေရန်နှင့် အမျိုးသမီးများအားလုံး၏ စွမ်းပကားများကို တိုးမြှင့်စေရေး စသည့် လမ်းညွန်ချက်များ အပေါ်အခြေခံ၍ မြန်မာအမျိုးသမီးများအနေဖြင့် ကျား - မ တန်းတူ ပူးပေါင်းပါဝင်လာစေရေးအတွက် ကျား - မ ရေးရာနှင့် ကွဲပြားခြားနားခြင်းမူဝါဒ (Gender and Diversity Policy) ကို ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။

 


ထိုမူဝါဒအတိုင်း ဘေးအန္တရာယ်ကျရောက်သူများ၏ ဘဝပိုမိုလုံခြုံစေရေးကို ဖြည့်ဆည်းပေးနိုင်ရန် အခြေအနေအမျိုးမျိုးတွင် အမျိုးသမီးများ၏ လိုအပ်ချက်များအပေါ် သီးခြားကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊ ကြက်ခြေနီ လူမှုကရုဏာ လုပ်ငန်းများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဘာသာရေး၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများအပေါ် အလေးထားပြီး ထည့်သွင်း ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီးများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော အသိပညာ၊ ကျွမ်းကျင်မှုရရှိနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးခြင်းတို့အပြင် အမျိုးသမီးများ၏ လိင်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှုများ လျော့ကျနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
    

 

ထိုသို့ဆောင်ရွက်ရာတွင် IFRC ၏ အနိမ့်ဆုံးစံသတ်မှတ်ချက် DAPS မူဘောင်ဖြစ်သည့် အကျိုးခံစားခွင့်ရှိသူတစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားခြင်း (Dignity)၊ ကူညီထောက်ပံ့မှုများကို ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီသော လက်လှမ်းမီ ရရှိနိုင်မှု (Access)၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များတွင် အပြည့်အဝအတူတကွ ပါဝင်မှု (Participation)၊ ၎င်းတို့အတွက် ကဏ္ဍအလိုက် ဘေးကင်းလုံခြုံမှု (Safety) စသည့်အချက်များပေါ်တွင် မူတည်ပြီး ဆောင်ရွက်ပေးခဲ့ပါကြောင်း။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအတွက် ထောက်ပံ့မှုပေးခြင်း၊ ရပ်ရွာလူထုအတွင်း မိခင်များအဖွဲ့ကိုဖွဲ့စည်းပြီး ကျန်းမာရေးအသိပညာ ဟောပြောပွဲများတွင် ပါဝင်ဟောပြောစေခြင်း၊ ရပ်ရွာကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီများတွင် အမျိုးသမီးများ ပါဝင်ဦးဆောင်ခွင့်ကို အစဉ်ပေးထားပါကြောင်း။  အသင်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ရပ်ရွာလူထု (၅)သန်းအတွက် ပိုမိုကျန်းမာလုံခြုံစေပြီး ဘေးအန္တရာယ်ကျရောက်လွယ်မှု လျော့ပါးစေခြင်းဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ပေးရန်ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ “ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးအစီအစဉ်” ကို လူထုကိုယ်တိုင်ပါဝင်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲညီညီဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါကြောင်း။

 


လူမှုကရုဏာကဏ္ဍ အစီအစဉ်များတွင် အမျိုးသမီးများအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရေးအတွက် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပြီး ဆွေးနွေးပွဲမှတစ်ဆင့် ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်နိုင်မည့် နည်းလမ်းများရရှိစေခြင်းဖြင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ရပ်ရွာလူထုများ ဖြစ်လာစေရန် မျှော်မှန်းထားရှိပါကြောင်း။

 


အထူးသဖြင့် ရပ်ရွာလူထုကို မိမိနားလည်ထားသည့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းအပေါ်တွင် ပြန်လည်နားလည်မျှဝေပေးခြင်းနှင့် လူထုအတွက် အမှန်တကယ်လိုအပ်သည့် လုပ်ငန်းပိုင်းဆိုင်ရာ၊ နည်းပညာရပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများကို နည်းပညာအကူအညီဖြစ်စေ၊ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကူအညီဖြစ်စေ၊ လူသားအရင်းအမြစ် အကူအညီဖြစ်စေ၊ မိမိတို့၏ အတွေးအခေါ်အယူအဆများဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမှ ဦးဆောင်ပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် စည်းရုံးခြင်းဖြင့် ၎င်းတို့၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
    

erer

 

 

ယင်းနောက် ဒေါက်တာရွှေလွှမ်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက အမှတ်တရလက်ဆောင်ပေးအပ်ပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်သည်။
    

 

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးနှင့် အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်အမယာမော်နိုင်က နိုင်ငံအဝန်း ဆောင်ရွက်နေသော ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။
    

 

ဆက်လက်၍ ကျန်းမာရေးကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်ခြင်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေ လျော့ချခြင်းတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ၊ အားလုံးအကျုံးဝင် ပူးပေါင်းပါဝင်ခြင်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ စသည့်ခေါင်းစဉ်များပါဝင်သည့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေးတွင် အမျိုးသမီးခေါင်းဆောင်များ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ရေး စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာဒေါ်ခင်မေအုန်းက ဦးဆောင်ကာ မြန်မာနိုင်ငံဆရာဝန်အသင်း၊ အမျိုးသမီးဆရာဝန်များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်လှကြင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ဒေါ်စန်းစန်းအေး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသန်းထွဋ်ဆွေ၊ အောင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့က  ပါဝင်ဆွေးနွေးခဲ့ကြသည်။

 


(သတင်းစဉ်)