ဘောလီဝုဒ်ရုပ်ရှင်ကြိုက်သူတွေက သူတို့ကြိုက်တဲ့ဇာတ်ကား အောင်မြင်ဖို့ နွားနို့ခိုးပြီး ပက်ဖျန်း

၂၆ ဇန်နဝါရီ 

 

အိန္ဒိယနိုင်ငံ ဘောလီဝုဒ်ရုပ်ရှင်ကြိုက်သူတွေက ဇာတ်ကားပိုစတာကို နွားနို့တွေ ခိုးပက်ဖျန်းကြောင်း ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်။ 

 

ဇာတ်ကားနာမည်  Paal abhishekam ရဲ့ မူရင်း အဓိပ္ပါယ်အရ ဟိန္ဒိူဘာသာရေးကျင့်ထုံးဖြစ်တဲ့ ကောင်းချီးပေးဖို့အတွက် နွားနို့ ပက်ဖျန်းခြင်းလို့ဆိုပါတယ်။ ဒီအတွက်ကြောင့် ဇာတ်ကား အောင်မြင်ရေးအတွက် နွားနို့ထွက်ပစ္စည်းရောင်းသူတွေဆီကနေ နွားနို့တွေခိုးပြီး ဇာတ်ကားပိုစတာတွေကို ပက်ဖျန်းပြီး ကောင်းချီးယူပုံရကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။ 

 

သရုပ်ဆောင် ဆလန်ဘာရာဆန်က ဖေဖောဝါရီ ၁ ရက်နေ့မှာ ထွက်မယ့် သူ့ရဲ့ဇတ်ကား "Paal abhishekam" ဇာတ်ကားပိုစတာကို နွားနို့နဲ့ပက်ဖျန်းဖို့ ဗီဒီယိုဖိုင်ကနေ ပြောထားပါတယ်။ အဲဒီဗီဒီယိုထွက်လာပြီးနောက်ပိုင်း  နွားနို့တွေ အခိုးခံနေရကြောင်း နွားနို့သည်တွေက ပြောပါတယ်။ ဒီဗီဒီယို ဖိုင်မှာ ပါတဲ့ သတင်းစကားဟာ လူငယ်တွေကို အတွေးမှားစေပြီး ပြည်နယ်တွင်းမှာ ဥပဒေစိုးမိုးမှုကို ထိခိုက်စေတယ်လို့ တမီးနာဒူးပြည်နယ် နွားနို့ကုန်သည်များ အသင်း ဥက္ကဋ္ဌက ပြောပါတယ်။

 

ပြည်နယ်အတွင်းမှာ ၂ ရက်အတွင်း နွားနို့ လီတာပေါင်း ၁၀ဝ၀ဝ နီးပါး  ဂါလန် (၂၆၀ဝ)  ခန့် အခိုးခံရကြောင်း သိရပါတယ်။ 

 

MDN

 

ကိုးကား-AFP

 

29f86f827cd