ရန်ကုန် မတ် ၁၅
နိုင်ငံတော်မှချီးမြှင့်သည့် အဘိဓဇမဟာရဋ္ဌဂုရုနှင့် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ရရှိခဲ့ကြသည့် ဆရာတော်သုံးပါးအား ဂုဏဝိသိဋ္ဌပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ မဂ်လာရာမပါဠိ တက္ကသိုလ်ကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက်ပဓာန နာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တခေမိန္ဒထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တာ၀န်ရှိသူများက ဘွဲ့တံဆိပ်တော်ရရှိခဲ့ကြသည့် ဆရာတော်များ၏ ထေရုပ္ပတ္တိကို ဖတ်ကြားကာ ဂုဏ်ပြုလျှောက်ထားလွှာများ ရွတ်ဆိုပူဇော်ကြသည်။
ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိကြသည့် မြစ်ကြီးနားမြို့ ခေမာသီဝံပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တစန္ဒာ၀ရာဘိဝံသနှင့် ပုသိမ်မြို့ ပစ္ဆိမာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဗိုလ်တထောင်မြို့နယ် မင်္ဂလာရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာသာရာဘိဝံသတို့အား အလှူရှင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ခေမာသီဝံပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ ရေစက်ချတရားနာယူကြသည်။
ဘွဲ့တံဆိပ်တော် ရရှိတော်မူကြသည့် ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲကို ရန်ကုန်ရောက် ရမ်းဗြဲမြို့နယ် ဖွားများစုပေါင်း၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး သမ္မတနိဗ္ဗာန်ကုန်နှင့် သက်န်းတိုက်မိသားစုမှ တစ်ပါးလျှင် ငွေကျပ် ၂၅ သိန်း၊ ရမ်းဗြဲမြို့နယ်အသင်းမှ တစ်ပါးလျှင် ငွေကျပ် ၅ သိန်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
