ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၁၃၈၅ ခုနှစ် မြန်မာရိုးရာသင်္ကြန်ပွဲတော် စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန် ဧပြီ ၁၃

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပ သည့် ၁၃၈၅ ခုနစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒီတာကျွေးမွေးလှူ ဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြိုနယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ် ယာဉ်ရပ်နေရာ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦး၀ဏ္ဏနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီ၀င်များ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အလုပ်အမှုဆောင် ကော်မတီ၀င်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

           

ထို့နောက်  ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး(ဗဟို)ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက မဟာသင်္ကြန် အကြိုနေ့တွင်ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများကို ကြက်သားကြာဇံကြော်၊ အချိုရည်၊ ရေသန့်များဖြင့် အာဟာရဒါနပေးအပ်လှူဒါန်းကြသည်။

 

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး (ဗဟို)သည် ဧပြီ ၁၄ ရက် မဟာသင်္ကြန်အကျနေ့တွင် သက်သက်လွှတ် သီးစုံဒံပေါက်ဖြင့်လည်းကောင်း၊ ဧပြီ ၁၅ ရက် မဟာသင်္ကြန် အကြတ်နေ့တွင် ကြက်ဆီထမင်ဖြင့်လည်းကောင်း၊ ဧပြီ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့ တွင် ခေါက်ဆွဲကြော်ဖြင့် လည်းကောင်း၊ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် မုန့်ဟင်းခါးတို့ဖြင့်လည်းကောင်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများကို အာဟာရဒါနဖြင့် လှူဒါန်းကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဇော်(သတင်းစဥ်)