ဘာကီးနားဖားဆိုနိုင်ငံရှိ ဘုရားကျောင်းတွင် တိုက်ခိုက်မှုဖြစ်ပွား ၁၄ ဦးထက်မနည်း သေဆုံး

၂ ဒီဇင်ဘာ

ဘာကီးနားဖားဆို နိုင်ငံ၏ အရှေ့ဘက်ဒေသရှိ ဘုရားကျောင်းတစ်ကျောင်းတွင် သေနတ်သမားများ တိုက်ခိုက်မှုကြောင့် ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ဂျာနိုင်ငံနှင့် ဘာကီးနားဖားဆိုနိုင်ငံ နယ်စပ်အနီး ကိုမွန်ဂျာရီပြည်နယ် ဖူတိုရီဒေသ ဟန်တိုကိုရာမြို့ရှိ ဘုရားကျောင်းတစ်ကျောင်းတွင် ဝတ်ပြုဆုတောင်းနေစဉ်အတွင်း ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသအုပ်ချုပ်ရေးမှူး စိုင်းဒူ ဆာနော့ က သတင်းထောက်များကို ပြောကြားခဲ့သည်။

မကြာခဏ တိုက်ခိုက်မှုများနှင့် လုံခြုံရေးအခြေအနေ ပိုမိုဆိုးဝါးမှုတို့သည် ဘာကီးနားဖားဆိုနိုင်ငံကို နာမည်ပျက်စေခဲ့သည်။

၂၀၁၅ ခုနှစ်မှစ၍ နိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂၀၀ ဦး အပါအဝင် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပြီး အခြားထောင်နှင့်ချီသောသူများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို