ဘာစီလိုနာမှ အခြားအသင်းသို့ ပြောင်းရွှေ့မည်မဟုတ်ဟုတိုက်စစ်မှူး ကော်တင်ဟိုပြောကြား

၅  ဖေဖော်ဝါရီ

 

ဘာစီလိုနာတိုက်စစ်မှူး ကော်တင်ဟိုသည် ပရီမီယာလိဂ်ကလပ် မန်ယူအသင်းမှခေါ်ယူရန် စိတ်ဝင်စားနေခြင်းကို လျစ်လျူရှုရန်တောင်းဆိုခဲ့ပြီး မန်ယူအသင်းအပါအ၀င် အခြားသောမည်သည့်ကလပ်အသင်းကိုမျှ ပြောင်းရွှေ့ကစားမည် မဟုတ်ဘဲ ဘာစီလိုနာအသင်း၌သာ ဆက်ကစားလိုကြောင်း ပြောကြားခဲ့သည်။

 

ဘရာဇီးကြယ်ပွင့် ကော်တင်ဟိုသည်နျူးကမ့်တွင် ၁၂ လကြာဖြတ်သန်းခဲ့ပြီးလည်း ဖြစ်သည်။ ကော်တင်ဟိုသည် ၂၀၁၈ ခုနှစ်က လီဗာပူးအသင်းမှ ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းတွင် တိုက်စစ်မှူးမက်ဆီ၊ ဆွာရတ်ဇ်၊ ဒမ်ဘီလီ စသည့်ကစားသမားများနှင့်အတူ ဘာစီလိုနာအသင်းတွင် အကောင်းဆုံး ခြေစွမ်းပြကစားခွင့်ရရှိရန်လည်း မျှော်လင့်နေသူ ဖြစ်သည်။

 

ကော်တင်ဟိုသည် လီဗာပူးအသင်းတွင် ကစားခဲ့စဉ်က ပွဲပေါင်း ၁၅၂ ပွဲတွင် သွင်းဂိုး ၄၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပြီး လက်ရှိကလပ် ဘာစီလိုနာအသင်းတွင်မူ ၃၈ ပွဲပါဝင်ကစား ပေးထားကာ သွင်းဂိုး ၁၂ ဂိုးအထိ သွင်းယူထားကြောင်းလည်း သိရသည်။

 

ယခုနှစ်ဘောလုံးရာသီတွင်မူ ရှစ်ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှုငါးကြိမ်အထိရှိထားသူဖြစ်သည်။

 

ငွေကြယ်