ဘားအံမြို့ပေါ်ရပ်ကွက်များအတွင်း မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်

ဘားအံ ၈  ဧပြီ

 

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း သင်္ကြန်ကာလ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း အသိပညာပေးပြောကြားခြင်းနှင့် စည်းကမ်းပျက်ယာဉ်များ စစ်ဆေးအရေးယူခြင်းများအပြင် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်းများကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိသည်။

 

ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရပ်ကွက်များအတွင်း ဘားအံမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ထွန်းအောင် ဦးစီးသော ပူးပေါင်းအဖွဲ့များဖြင့် သင်္ကြန်ကာလ မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ယာဉ်စည်းကမ်း/လမ်းစည်း အသိပညာပေးပြောကြားခြင်းနှင့် စည်းကမ်းပျက်ယာဉ်များ စစ်ဆေးအရေးယူခြင်းများအပြင် မှုခင်းကြိုတင်ကာကွယ်ရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

မင်းသူ(ဘားအံ)