ဘားအံ၊ မဘိမ်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၇ မေ 

ဘားအံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၅ ရက် မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ ဘားအံ-အိန္ဒုကားလမ်းနှင့် နောင်လုံ-တော်ပုံ ကားလမ်းလမ်းဆုံတွင် စောဇော်မြင့်လေး (ခ)မက်ရှင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄၀၁ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နှိုင်းကြာကျေးရွာ၊ နှိုင်းကြာဒုံးစင်ကွင်းအနီး စားသောက်ဆိုင်ရှေ့တွင် ဆိုင်ကယ်နှင့်အတူတွေ့ရှိသူ အောင်စိုးမိုး(ခ)စိုးမိုးနှင့် ဝင်းစိန် တို့အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကိုလည်းကောင်း၊ ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ခင်မောင်တင့်(ခ)အတင့်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၆၁၅၆ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။ 

အလားတူ     မေ ၆ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မဘိမ်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ မိုးလုံးကျေးရွာအုပ်စု၊ ဆင်အိုင်ချောိင်းဘေးရှိ တဲကို ဝင်ရောက်ရှာဖွေရာ ငွါးတားအား တွေ့ရှိရပြီး ဘိန်းဖြူ ၇၁၁ ဂရမ်နှင့် မော်တော်ဆိုင်ကယ်တစ်စီး တို့ကိုသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ  ရမ်းဘိုကျေးရွာအုပ်စု၊ ပေါ်ကြာသွား လမ်းဘေးချုံပုတ်ထဲတွင် ၎င်းဝှက်ထားသည့်  ဘိန်းဖြူ ၇၂ ဂရမ်တို့ကိုလည်းကောင်း၊ အလားတူ ဘန်းယဉ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဆီဆိုင်မြို့နယ်၊ ခိုလေကျေးရွာ၊ ဘုန်းကြီးကျောင်းရှေ့တွင် စိုင်းကံ မောင်းနှင်ပြီး စိုင်းလှိုင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ 

MDN