အုတ်တွင်းမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများတူးဖော်‌

အုတ်တွင်း မေ ၂၄

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ကြက်သွန်ခင်း (၁)ရပ်ကွက်ရှိ ရေနုတ် မြောင်းများနှင့် မြို့တွင်းရှိ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရေနုတ် မြောင်းများအတွင်း ပိတ်ဆို့နေသောအမှိုက်များ ရှင်းလင်းပေးခြင်း၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စက်ယန္တရားများဖြင့်  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)