အုတ်တွင်း မတ် ၂၃
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးဦးစီးဌာနမှူး၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။
အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးအဖွဲ့များက အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပဏာမ ကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ် စစ်ဆေးခြင်း၊ ကြိုတင်ရောဂါရှာဖွေခြင်း၊ ကုသရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စနစ်တကျ လွှဲပြောင်းဆောင်ရွက်ရန်နှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား ကျန်းမာရေး အခမဲ့စစ်ဆေးရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က ရေသန့်ဘူးနှင့် မုန့်များဝေငှပေးခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


