အထက်ပုဇွန်တောင်လမ်းမကြီး ဘေးတစ်လျှောက်ရှိ စည်းကမ်းမဲ့ ကြော်ငြာဆိုင်းဘုတ်များအား မြို့နယ်စည်ပင်မှ ရှင်းလင်းဖယ်ရှား

ပုဇွန်တောင်    ၃ ဇန်နဝါရီ

 

ရန်ကုန်အရှေ့ပိုင်းခရိုင် အထက်ပုဇွန်တောင်လမ်းမကြီး တစ်လျှောက်ရှိ စည်းကမ်းမဲ့ ကြော်ငြာဆိုင်းဘုတ်များ ရှင်းလင်းဖယ်ရှားခြင်းကို ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းက  မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ  လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် လမ်းဘေး ဝဲ၊ ယာ တစ်လျှောက်ရှိ စည်းကမ်းမဲ့ စီးပွားရေး ကြော်ငြာဆိုင်းဘုတ်များ၊ ဗီနိုင်းများ၊ ကြော်ငြာစာရွက်များကို ရှင်းလင်းဖယ်ရှားခဲ့ကြကြောင်း သိရသည်။

 

(မြို့နယ်ပြန်/ဆက်)