အသည်းကျန်းမာဖို့စားသင့်သောအစားအစာများ

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

 

အသည်းသည် ခန္ဓာကိုယ်တွင် အကြီးဆုံးအင်္ဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကျွန်ုပ်တို့စားသုံးသော အစားအစာများမှ အန္တရာယ်ရှိသောအရာများ၊ အဆိပ်အတောက်များကိုဖယ် ရှားပေးပါတယ်။ ထို့ကြောင့် အသည်းရောဂါဖြစ်ပါကခန္ဓာ ကိုယ်၏လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသည်းအတွက် အားဖြည့်သောအစားအစာများ စားသင့်သည့်အပြင် အရက်နှင့်ဆေးလိပ်ကိုလည်း ရှောင်ကြဉ် သင့်ပါတယ်။

 

အသည်းမကောင်းပါက အချို့သောအစားအစာများ (ဥပမာ-အငန်)ကို လျှော့စားသင့်ပါတယ်။ အသည်းအတွက် ကောင်းမွန်သောအစားအစာများမှာ-

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူသည် အသည်းမှ အဆိပ်အတောက်ဖယ်ရှားနိုင်ဖို့ အားဖြည့်ပေးပါတယ်။ ကြက်သွန်ဖြူသည် allicin နှင့် selenium စသောဒြပ်ပေါင်းများကြွယ်ဝသောကြောင့် ခန္ဓာ ကိုယ်တွင်းကို သန့်စင်စေပြီး အားအင်ပြည့်ဝစေပါတယ်။ ကြက်သွန်ဖြူကို အမွှာလိုက် သို့ အလုံးလိုက်စားသုံးခြင်းက ပို၍ကောင်းမွန်ပါတယ်။

 

ကြက်သွန်နီ

ကြက်သွန်နီသည် ကြက်သွန်ဖြူကဲ့သို့ပင် allicin ပါဝင်သောကြောင့် အသည်းအတွက်ကောင်းမွန်ပါတယ်။ ပိုတက်ဆီ ယမ်၊ အမျှင်ဓာတ် နှင့် flavonoids စသည့်ဒြပ်ပေါင်းများ လည်းပါဝင်ပါတယ်။ ကြက်သွန်နီသည် အစိမ်းလိုက်စားပါက အစာမကြေဖြစ်တတ်သောကြောင့် ချက်ပြုတ်စားသင့်ပါတယ်။

 

ဂရိတ်ဖရုသီး

ဂရိတ်ဖရုသီးသည် ဗိုက်တာမင် စီနှင့် antioxidant ဒြပ်ပေါင်း များပါဝင်ပါတယ်။ ဂရိတ်ဖရုသီးစားသုံးခြင်းဖြင့် အသည်းကို အဆိပ်အတောက်များ ဖယ်ရှားရာတွင် အားဖြည့်ပေးပါတယ်။

 

အစိမ်းရောင်ရှိသောအရွက်များ

အစိမ်းရောင်ရှိသောအရွက်များ (ဥပမာ – ဟင်းနုနယ်ရွက်) သည် အစားအစာတွင် ပါဝင်သော ဓာတုပစ္စည်းများ၊ ပိုးသတ် ဆေးများကိုဖယ်ရှားပေးပါတယ်။ ဒါကြောင့်သဘာဝအတိုင်း စိုက်ပျိုးထားသောအရွက်များကို ရွေးချယ် ဝယ်ယူစားသုံးပါ။ လက်ဖက်စိမ်းသည်လည်း catechins နှင့် antioxidant ပါဝင်သောကြောင့် အသည်း၏ လုပ်ဆောင်ချက်များကို ကောင်းမွန်စေပါတယ်။

 

အသီးများ

အသည်းကိုကျန်းမာစေသော အသီးများစွာရှိပါတယ်။ အသီးများတွင် Glutathione ဟုခေါ်သော အန္တရာယ်ရှိသော ပစ္စည်းများကိုဖယ်ရှားနိုင်သော ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ယင်းဓာတ်သည် ထောပတ်သီးနှင့် walnutတွင်ကြွယ်ဝပါ တယ်။ လီမွန်သီးသည်လည်း antioxidant၊ ဓာတ်ဆား နှင့် vitamin C ကြွယ်ဝသောကြောင့်အသည်းအတွက်ကောင်း မွန်ပါတယ်။ ဟင်းခတ်အမွေးအကြိုင်အဖြစ်သုံးသော နနွင်း သည် အဆီချေဖျက်မှုနှင့် သည်းခြေရည်ထုတ်လုပ်မှုကို အထောက်အကူပြုပါတယ်။ သို့သော်လည်း အချို့သောအစား အသောက်များသည် အသည်းကိုထိခိုက်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

 

တစ်နေ့ကိုအရက် ၂ ခွက်ထက်ပို၍ မသောက်သုံးသင့်ပါဘူး။ ထို့ပြင် ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းရန် အားကစားလုပ်ခြင်း ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာစားခြင်းအလေ့ကို ပြုလုပ်သင့်ပါတယ်။ နာတာရှည်ရောဂါအတွက် သောက်သုံးရသောဆေးအချို့သည် အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ဆေး မသောက်မီဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

 

နိဂုံးချုပ်အားဖြင့်ဆိုရသော် အသည်းကျန်းမာစေဖို့ ကျန်းမာ သောစားသောက်မှုနှင့် နေထိုင်မှုပုံစံ လိုအပ်တာကြောင့် သင့်တင့်မျှတသော အစားအစာနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သင့်ပါတယ်။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_53.jpg