အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းဆင်း

ငပုတော ၂၈ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီး ဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်ပေးသော ကျေးလက်နေ ပြည်သူများ အသက်မွေးဝမ်းကျောင်းပြုရာတွင် အထောက်အကူဖြစ်စေမည့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်မတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

952000

 

သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိုးသိမ်း၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဒိုင်နိုဒါးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်သူမင်းတို့က သင်တန်းဆင်းအမှာစကားများပြောကြားခဲ့ပြီး သင်တန်းခေါင်းဆောင်အား သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူတစ်ဦးက ၎င်းသင်တန်းကို တက်ရောက်ခဲ့ခြင်းဖြင့်ရရှိလာမည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခု အဖြစ် ရပ်တည်နိုင်မည်ဖြစ်သောကြောင့် ဝမ်းမြောက်မိကြောင်းနှင့် သင်တန်းဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

0252555220ာ

 

အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးရခြင်းမှာ ကျေးလက်နေပြည်သူများ၏လူမှုစီးပွားဘဝများ တိုးတက် မြင့်မားလာစေရန်နှင့် အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအနေဖြင့်ပါ ရပ်တည်နိုင်စေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းသို့ကျေးရွာအုပ်စု (၇)အုပ်စု၊ကျေးရွာ(၁၁)ရွာမှသင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ပြီး သက်တန်းကာလမှာ သုံးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)
 

Related Articles