အသက် ၇၃ နှစ်အရွယ် ဦးစိုင်းအောင်ညွန့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသော်လည်း လာမည့်နှစ်တွင် ကြိုးစားဖြေဆိုမည်

မန္တလေး ၈ ဇွန်

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုသည့်  အသက် ၇၃ နှစ်အရွယ် ဦးစိုင်းအောင်ညွန့်သည် စာမေးပွဲကျရှုံးခဲ့သည်။ 

 

အသက် ၇၃ နှစ်အရွယ် အဘိုး ဦးစိုင်းအောင်ညွန့်သည်  တက္ကသိုလ်ဝင်စာမေးပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွင် ခုံအမှတ် မနတ ၅၃၄ ဖြင့် ဖြေဆိုခဲ့သည်။ 

 

"အောင်စာရင်းကို အင်တာနက်ကနေပဲ ကြည့်ခဲ့တာပါ။ လာမယ့်နှစ်မှာလည်း ဆက်ပြီးဖြေဆိုသွားမှာပါ။ ''ဟု ဦးစိုင်းအောင်ညွှန့် ကပြောသည်။ 

 

မန္တလေးတိုင်းတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုသူ ၁၁၀ဝ၀ဝ ကျော်ဖြေ ၊ ၄၃၀ဝ၀ ကျော် အောင်မြင်ခဲ့ကြောင်း သိရသည်။

 

အိမို့မို့ခိုင်