အရှိန်မထိန်းနိုင်သည့်ယာဉ်မှ ယာဉ်(၅)စီးအား ဆင့်တိုက်မှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းဆုံ၌ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခန့်က ဝေဇယန္တာလမ်းအတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း(စိစစ်ဆဲ) မောင်းနှင်လာသော 1G/×××× ခရီးသည်တင်ယာဉ်သည် Free Lane အတိုင်း မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ သံသုမာလမ်းအတိုင်း မီးပွိုင့်မီးစိမ်း၍ မောင်းနှင်လာသော အနောက်ရွှေဂုံတိုင်ရပ်ကွက်နေ ကိုမင်းအောင်(၃၆)နှစ်၏ 4J/×××× ခရီးသည်တင်ယာဉ်ပါ မော်တော်ယာဉ် (၅)စီးအား အဆင့်ဆင့် တိုက်မိခဲ့ကြောင်း သိရသည်။

 

ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ယာဉ်မောင်း (စုံစမ်းဆဲ)အား သုဝဏ္ဏနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)