မင်းဘူး ၂၀ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်၊ ကျွဲသိုးမြှောင်ကျေးရွာ၊ မင်းဘူး-မကွေး ကားလမ်း၊ မိုင်တိုင်အမှတ် ၂/၂ နှင့် ၂/၃ ကြားတွင် ဇွန်လ(၁၉) ရက်နေ့ ညနေ ၄ နာရီခွဲက အရှိန်မထိန်းနိုင်သည့် ဖောကားယာဉ်တစ်စီးက လမ်းဝဲဘက်ခြမ်းရှိနေအိမ်အဆောက်အဦအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာမင်းဘူးဘက်မှ မကွေးဘက်သို့ မင်းဘူးမြို့နယ်၊ မကျီးစုကျေးရွာနေ မြင့်သူ (၃၀)နှစ်၊ တစ်ဦးတည်း မောင်းနှင်လာသည့် လီဖန်းအပြာရောင် ဖောကားမော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ဦးမောင်အေး၏ လေးပင်သုံးပင်ထရံကာ သွပ်မိုးနှစ်ထပ် အိမ်အောက်ထပ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာ မရရှိသော်လည်း မော်တော်ယာဉ်၊ နေအိမ်အဆောက်အဦနှင့် နေအိမ်ရှိပစ္စည်းများ ပျက်စီးဆုံးရှုံး သွားကြောင်းသိရသည်။ သို့ဖြစ်ပါ၍ အရက်သေစာ သောက်စားမူးယစ်ပြီး ယာဉ်မောင်းနှင်သူ မြင့်သူအား အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)