နေပြည်တော်    မတ်    ၂၄

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲကို  ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊  ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက  သင်တန်းအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိဆုရရှိသည့် သင်တန်းသား သင်တန်းသူများနှင့်   သင်တန်းနည်းပြများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါသင်တန်းများကို တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်များအလိုက် သင်တန်းသား  သင်တန်းသူ ၉၉၀ ဖြင့်  မတ် ၁၀ ရက်မှ  ယနေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်