အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၃) (၈၄) (၈၅) သင်တန်းဖွင့်

ရန်ကုန်   ၁၄  ဇန်နဝါရီ 

 

အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ်  (၈၃)(၈၄)(၈၅)ကို ယနေ့နံနက် ၇ နာရီခွဲက ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) နဝရတ်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ပါမောက္ခချုပ် ဦးအောင်တင်စိုးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

   

သင်တန်းဖွင့်ပွဲသို့ ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)၊ ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ကျောင်းအုပ်ကြီး/ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူး/ပါမောက္ခ (ပညာဌာနမှူး)များ၊ ဌာနမှူး/တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ သင်တန်းမှူးများ၊ ဌာနခွဲမှူးများ၊ လက်ထောက်ကထိကများ၊ နည်းပြများနှင့် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၈၃)(၈၄)(၈၅) သို့ တက်ရောက်ကြသည့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ သင်တန်းသား (၁၈၁)ဦး၊ သင်တန်းသူ(၂၅၃)ဦး စုစုပေါင်း(၄၃၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ(၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)