အရာထမ်းငယ် အခြေခံသင်တန်းအမှတ်စဉ်(၁၂၂ )ဖွင့်လှစ်

ရန်ကုန် ဩဂုတ် ၈

 

အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ်(၁၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ Online Learning System ဖြင့် ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဦးဇော်ဇော်က အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

           

အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၄၇၁)ဦး တက်ရောက်လျက်ရှိပြီး  အောက် တိုဘာ ၂၈ ရက်ထိကို Distance Learning ဖြင့် လည်းကောင်း၊  နိုဝင်ဘာ ၇ ရက်မှ ဒီဇင်ဘာ ၂ ရက်ထိကို In-House Learning ဖြင့်လည်းကောင်း သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)