ရန်ကုန် ဇန်နဝါရီ ၂၇
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ လမ်းညွှန်မှုအရ Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ခြင်းကိုဆောင်ရွက် လျက်ရှိရာ ယမန်နေ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော်ကြီး (၉)ပါး၊ ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) သင်ကြား/စီမံ၊ စာသင်သား သံဃာတော် (၂၄၉) ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့သည်။
ထို့အတူ ယနေ့ မွန်းတည့် (၁၂) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ တက္ကသိုလ်သင်ကြား/စီမံ၊ စာသင်သား သံဃာတော်နှင့် သီလရှင် (၁၂၈) ပါးတို့ကို ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


