ရန်ကုန် ဇွန် ၂၂
မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် နပန်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်း မြန်မာနိုင်ငံနပန်းအဖွဲ့ချုပ်၌ ကျင်းပသည်။
ပြိုင်ပွဲတွင် အမျိုးသား(- 45Kg)၊ (- 48Kg)၊ (- 51Kg)၊ (- 53 Kg)၊ (- 55 Kg )၊ (- 60 Kg) ပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆုရရှိသူများ၊ အမျိုးသမီး ( -34 Kg )၊ ( - 36 Kg )၊ ( - 38 Kg )၊ (- 40 Kg )၊ (- 43 Kg )၊ (- 46 Kg )၊ (- 49 Kg )၊ (- 50 Kg )၊ (- 53 Kg )၊ (- 57 Kg) တန်းပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆုနှင့် ပူးတွဲတတိယဆုရရှိကြသူများကို မြန်မာနိုင်ငံ နပန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်ဆန်း၊ ရန်ကုန်တိုင်းနပန်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်မြင့်ဦး၊ အဖွဲ့ချုပ်အတွင်းရေးမှူး ဒေါ်သီတာမွန်နှင့် အမှုဆောင်များက ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဗလ


