အနုပညာလောကကနေ ကျန်းမာရေးကြောင့် အနားယူခဲ့သည့် ထက်ထက်မိုးဦး၏ အစ်ကို ထက်နိုင်အောင်

၂၉ ဒီဇင်ဘာ

ထပ်ဆင့် အကယ်ဒမီ ထက်ထက်မိုးဦး ၏ အစ်ကိုအရင်းဖြစ်သူ သရုပ်ဆောင် ထက်နိုင်အောင် အနေ ဖြင့် အနုပညာ လောကကို ယခင် (၁၀) နှစ်လောက်က ဝင်ရောက်ခဲ့ပြီး ကျန်းမာရေး အခြေနေတစ်ခုကြောင့်  ခဏတာ အနားယူခဲ့ပြီး ယခု ၂၀၁၇ ခုနှစ်  နှစ်ကုန်ပိုင်းတွင် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်မည် ဟုသိရ သည် ။

 

သရုပ်ဆောင် ထက်နိုင်အောင်အနေဖြင့် ဒယ်ဒီဟောက်စ် ဗီဒီယိုထုတ်လုပ်ရေးနှင့်အတူ ဇာတ်ကား (၃) ကားကို  ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တွင်စတင်ဖြန့်ချီသွားမည်ဖြစ်ပြီး  ယင်းဇာတ်ကားများကဖြင့် ဇာတ်လမ်း ညီထက်နိုင် ၊ဒါရိုက်တာ အောင်သျှံဝိုင်း (ကျိူက်မရော ) ရိုက်ကူးပြီး ၊ထက်နိုင်အောင် ၊ဘေဘီမောင် ၊ မိုခမ်း နှင့် အနုပညာရှင်များစွာပါဝင်သော "ပြောင်းပြန်စီးသော" အမည်ရ ဇာတ်ကားကိုလည်းကောင်း၊ ဇာတ်လမ်း ထွဋ်အာကာ ၊ ဒါရိုက်တာ ထွဋ်အာကာ  ရိုက်ကူးပြီး ထက်နိုင်အောင်၊ အံသစ်ကျော် ၊ မေပန်းချီ၊ မိုးခမ်း နှင့် အနုပညာရှင်များ၊ ပါဝင်သော " အာရုဏ်ဦး ရဲ့ မုန်တိုင်း" ဇာတ်ကားကိုလည်းကောင်း ၊ ဇာတ်လမ်း အေဝိုင် ၊ ဒါရိုက်တာ အောင်သျှံဝိုင်း (ကျိူက်မရော ) ရိုက်ကူးပေးထားပြီး၊ ထက်နိုင်အောင်နှင့် အနုပညာရှင်များစွာတို့ ပါဝင် ထားသော ဇာတ်ကားများကို မကြာမီဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည် ။

 

" အနုပညာအလုပ်နဲ့ ကျွန်တော် တော်တော်ကြာကြာ ဝေးကွာခဲ့ပါတယ်၊ ကျန်းမာရေးကြောင့်ပါ။ အခု ကျွန်တော် ပြန်လုပ်ဖြစ်တာကလဲ ဝါသနာကိုမစွန့်လွှတ်နိုင်ဘူးလေ။ ကျွန်တော့်အတွက်ကတော့ အနုပညာ အလုပ်ကို လုပ်နေရရင်ပျော်နေတာ ဆိုတော့လည်း ဒီအလုပ်ပဲရွေးချယ်လုပ်ဖြစ်တာပါ၊ အခုကျွန်တော် ကိုယ်တိုင်ခေါင်းဆောင်ပါထားတဲ့ ဇာတ်ကားသုံးကားစလုံးကို မကြာမီဖြန့်ချီတော့မှာပါ၊ အချစ်၊ အလွမ်း၊ အကြမ်း အစုံပါပဲ ကာရိုက်တာတွေလဲ ကျွန်တော် တက်နိုင်သမျှ ကြိုးစားသရုပ်ဆောင်ထားပါတယ်။

 

“အရင်က ဖိုက်တင်တွေ ရိုက်ရင်း နှလုံးအားနည်းလို့ အနားယူခဲ့တာကတော့ တစ်နှစ်လောက်ဆိုပြီး ၁၀ နှစ် လောက် ကြာသွားတယ်။မိုးကုတ်မှာ စီးပွားရေးလုပ်ဖြစ်သွားတယ်။ ထက်ထက်နဲ့က မောင်နှမတွေဆိုပေမယ့် ကိုယ့်လိုင်းနဲ့ ကိုယ့်လျှောက်လှမ်းဖြစ်ပါတယ်။ အနုပညာပတ်သက်ပြီး ဝေဖန်အကြံပေးတယ်။ အဲလောက်ပါပဲ။ အနုပညာအလုပ်ကနေခဏတာ အနားယူသွားပေမယ့် အနုပညာချစ် တဲ့ စိတ်နဲ့ ဗီဒီယို ဈေး ကွက်တွေ ပျောက်ပေမယ့် ဝါသနာအရ အခုလို နာမည်သစ်၊ စိတ်သစ်လူသစ်ပုံစံနဲ့ တစ်ကျော့ဝင်လာတာပါ" ဟု ပြောသည် ။

 

ကိုလင်း