အနုပညာအလုပ်က နက်နဲပြီး အများကြီးကြိုးစားဖို့လိုသေးတယ်လို့ ဆိုတဲ့ သူရိယ

၁၄ ဒီဇင်ဘာ

ပရိသတ်အားပေးမှုများ တဖြည်းဖြည်းပိုမိုရရှိလာတဲ့ သရုပ်ဆောင်သူရိယအနေနဲ့ လက်ရှိမှာ အနုပညာလုပ်ငန်းသည် ပိုမိုခက်ခဲနက်နဲကြောင်း ပိုမိုသဘောပေါက်လာခဲ့ပြီး ပိုပြီးလည်း တန်ဖိုးထားပြီး ပိုကြိုးစားရမယ်ဆိုတာ နားလည်လာခဲ့တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင်သူရိယအနေနဲ့ ကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်လောကကို ခြေချခဲ့ရာကနေစပြီး အခုဆိုရင် ပရိသတ်တွေအားပေးကြတဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ သူအနေနဲ့ အနုပညာလမ်းကြောင်း ဖြတ်သန်းရာလမ်းတစ်လျှောက်မှာ အခက်အခဲတွေများစွာ ရင်ဆိုင်ခဲ့ရပြီး အလွဲအမှားတွေလည်းရှိခဲ့ကြောင်း ပြောပါတယ်။ အနုပညာအလုပ်ဟာ ဖြစ်သလိုလုပ်ရတဲ့ အလုပ်မဟုတ်ဘဲ နက်နဲတာကို သိရှိလာပြီး ကြိုးစားလုပ်ကိုင်ရန် အများကြီး လိုအပ်နေသေးကြောင်းလည်း ပြောပြခဲ့ပါတယ်။

သူရိယရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုတွေ ပတ်သက်ပြီး လက်ရှိမှာ MRTV-4 ရုပ်သံလိုင်းမှ မကြာမီတွင် ပြသမည့် ‘’ပဉ္စလက်ရွာ” ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး စက်တင်ဘာ ၂ ရက်မှာ ထွက်မယ့် ‘စရိုက်” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားကြောင်း သိရပါတယ်။ 

mdn

ပဉ္စလက်ရွာဇာတ်ကားကို Taurus V Production က ထုတ်လုပ်ထားပြီး ဒါရိုက်တာ သိုးဆောင်းက ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ကာ အဲဒီဇာတ်ကားက သရုပ်ဆောင်တွေကတော့ ဆေးဆရာကြီး ဦးမာဃအဖြစ် အကယ်ဒမီကျော်သူ၊ အီလစ်အဖြစ် သူရိယ၊ ရိုးစစ်အဖြစ် အောင်မင်းခန့်၊ ချောမောလှပသောသူကြီးသမီး စိမ်းဝါအဖြစ် နေအဉ္ဇရာ၊ ရေဝတီအဖြစ် နန်းစန္ဒာလှထွန်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ယနေ့တိုင် မြန်မာ့ယဉ်ကျေးမှုတွေကို ခံစားနိုင်မယ့် သျှောင်ပေစူးလေးတွေရှိတဲ့ စက်စက်ယိုရွာမှာ ဇာတ်အိမ်တည် သွားရောက်ရိုက်ကူးထား တာဖြစ်ပါတယ်။


ဒါ့အပြင် စက်တင်ဘာ ၂ ရက်မှာ ထွက်ရှိမယ့် အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ‘စရိုက်”ဆိုတဲ့ ဇာတ်ကားမှာလည်း သရုပ်ဆောင် သူရိယကို လူငယ်ဆန်ဆန်စရိုက်တွေနဲ့ ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ ဇာတ်ကားမှာ ပိုးအဖြစ် ယုသန္တာတင်၊ ညီမကို အရမ်းချစ်တတ်သလို သဝန်တိုတတ်သည့် အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ခင်လှိုင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 

သရုပ်ဆောင် သူရိယရဲ့ နောက်ထပ်အနုပညာလှုပ်ရှားမှုတွေအနေနဲ့ စက်တင်ဘာလထဲမှာ ဒါရိုက်တာပြည်ဟိန်း သီဟနဲ့ ဘာလာလာဒေါင်းတယ်ဆိုတဲ့ ဇာတ်ကားတစ်ကားကို ပြင်ဦးလွင်မှာ သွားရောက် ရိုက်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ရုပ်ရှင်ရိုက်ကူးရေးမှာပဲ အာရုံစိုက်နေပြီး အချိန်မပေးနိုင်လို့ ဂီတဘက်ကိုလည်း တဖြည်းဖြည်းလုပ်သွားမည်ဖြစ်ကြောင်း ပရိသတ်ကြီးကို အသိပေးပြောကြားခဲ့ပါတယ်။

မျိုးစန္ဒာမောင်