အင်္ဂလန်ကို လာရောက်မယ့် ဉရောပနိုင်ငံသားတွေ အသွားအလာ ကန့်သတ်မှု အောက်မှာ နေရန် မလိုကြောင်း ထုတ်ပြန်

လန်ဒန်  ၃ ဇူလိုင်

 

 

အင်္ဂလန်ကို လာရောက်မယ့် ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ အီတလီ နိုင်ငံသားတွေဟာ ဇူလိုင် ၁၀ ရက်နေ့စပြီး အသွားအလာ ကန့်သတ်မှုအောက်မှာ နေရန် မလိုကြောင်း၊ အသွားအလာ ကန့်သတ်မှုအောက်မှာ နေရန် မလိုတဲ့ နိုင်ငံများစာရင်း အသေးစိတ်ကို ဒီနေ့ (သောကြာနေ့) မှာ ဗြိတိန်အစိုးရက ထုတ်ပြန်မှာ ဖြစ်ပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်မှုနည်းတဲ့ နိုင်ငံတွေကနေ လာရောက်မယ့် သူတွေအတွက် အခု ဖြေလျှော့မှုဟာ အင်္ဂလန်နိုင်ငံကို လာရောက်မယ့်သူသာ အကျုံးဝင်တဲ့အတွက် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။

 

 

ဗြိတိန်ရဲ့ တခြား အပိုင်းအခြား တွေအဖြစ် စကော့တလန်၊ ဝေးလ် နဲ့ မြောက်အိုင်ယာလန် နိုင်ငံတွေကို လာရောက်မယ့်သူတိုင်း ၁၄ ရက်တိတိ ကိုယ့်အစီအစဉ်နဲ့ကိုယ် အသွားအလာ ကန့်သတ်မှု အောက်မှာ နေထိုင်ရမှာဖြစ်သလို စည်းမျဉ်းစည်းကမ်း မလိုက်နာခဲ့ရင် ဒဏ်ငွေတပ်ခံရမှာ ဖြစ်ပါတယ်။

 

 

ဗြိတိန်နိုင်ငံကို ဇွန် ၈ ရက်နေ့ကနေ စပြီး ရောက်ရှိလာတဲ့ ဗြိတိန် နိုင်ငံသားတွေ အပါအဝင် လူတိုင်းဟာ ၁၄ ရက်တိတိ အသွားအလာ ကန့်သတ်မှု အောက်မှာ နေထိုင်ရမှာဖြစ်ပါတယ်။

 

 

ဒီနေ့ ထုတ်ပြန်မယ့် အသွားလာ ကန့်သတ်မှုအောက်မှာ နေထိုင်ရန် မလိုဘူးဆိုရာမှာ ဉရောပ နိုင်ငံတွေအပြင်၊ ဉရောပ နိုင်ငံတွေ မဟုတ်တဲ့ တခြားနိုင်ငံတွေမှ ခရီးသွားတွေဟာ နောက်တစ်နိုင်ငံကို သွားရန်အတွက်  ကြားခံအနေနဲ့ အင်္ဂလန်ရှိ လေဆိပ်တွေကို ခေတ္တရောက်ရှိလာတာမျိုးပါ အသွားအလာ ကန့်သတ်မှုအောက် နေထိုင်ရန် မလိုအပ်တဲ့ နိုင်ငံများ စာရင်းမှာ ပါဝင်နိုင်တာကြောင့်   အသွားလာ ကန့်သတ်မှုအောက်မှာ နေထိုင်ရန် မလိုတဲ့ နိုင်ငံတွေဟာ  ၆၀ လောက်အထိ ဖြစ်လာနိုင်တယ်လို့ခန့်မှန်း နေပါတယ်။

 

 

ဗြိတိန်နိုင်ငံဟာ ဉရောပနိုင်ငံတွေ အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ အများဆုံး နိုင်ငံဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP