အင်ဒိုနီးရှားနိုင်ငံ၌ ရေကြီးမှု၊ မြေပြိုမှုတို့ကြောင့် ပျောက်ဆုံးနေသူ ဆယ်ဦးအား ရှာဖွေမှုများတိုးမြှင့်လုပ်ဆောင်လျက်ရှိ

ဒီဇင်ဘာ ၈

အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆုမတ်တြားပြည်နယ်ရှိ ကျေးရွာတစ်ရွာတွင် လွန်ခဲ့သောသီတင်းပတ်က ရေကြီး၊ မြေပြိုမှုများဖြစ်ပွားသဖြင့် ပျောက်ဆုံးနေသူ ဆယ်ဦးကိုရှာဖွေရန် ကယ်ဆယ်ရေးသမားများက ရှာဖွေမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဒေသတွင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါရေကြီး၊ မြေပြိုမှုတို့ကြောင့် ပျောက်ဆုံးနေသူများကို ရေပြင်နှင့်မြေပြင်တို့တွင် ရှာဖွေမှုများလုပ်ဆောင်ရာ၌ အဖွဲ့အစည်းအမျိုးမျိုးမှ ကယ်ဆယ်ရေးသမား ၅၀၀ ကျော်ပါဝင်သည်ဟု ကယ်ဆယ်ရေးနှင့်ရှာဖွေရေးအကြီးအကဲက ပြောကြားသည်။ ထိုပြည်နယ်ရှိ စီမန်ဂူလမ်ပီကျေးရွာရှိ အဆောက်အဦများနှင့်နေအိမ်များပေါ်သို့ ရေကြီးရေလျှံမှုကြောင့် ပိုမိုမြင့်မားသောမြေပြင်မှလာသောရွှံ့၊ သစ်သားနှင့်ကြီးမားသောကျောက်တုံးကြီးများ ကျရောက်ထိမှန်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး အခြားဆယ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံအစိုးရအဖွဲ့က အစောပိုင်းက ပြောကြားသည်။ ရေကြီး၊ မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် အိမ်ထောင်စု ၅၀ ထက်မနည်း ဘေးကင်းလုံခြုံမှုရှိရာဒေသများတွင် ခိုလှုံနေထိုင်လျက်ရှိသည်ဟု ဖော်ပြထားသည်။ မိုးရာသီကာလအတွင်း ရေကြီး၊ မြေပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်များသည် နိုင်ငံအတွင်းမကြာခဏတွေ့မြင်ရလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို