အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်အတွင်း ဆိုင်ကယ်ခိုးမှုကျူးလွန်သူအား ဖမ်းဆီးရမိ

ရန်ကုန်  ၃၀ မေ


ရွှေပြည်သာမြို့နယ်အတွင်း မေလ ၂၆ ရက်နေ့က မှုခင်းကျဆင်းရေး တာဝန်များဆောင်ရွက်နေစဉ် ခိုးမှုများကျူးလွန်တတ်ကြောင်း ကြိုတင်သတင်းရှိသူ တစ်ဦးအား KENBO-125 အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ခေါ်ယူစစ်မေးရာမှ ၎င်းဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင်ကြောင်းအထောက်အထား မပြနိုင်သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

အဆိုပါပြစ်မှုကျူးလွန်သူ ထက်မြက်အောင်(ခ)ဝေယံ(ခ)နောင်နောင် အား အခြားပြစ်မှုများ ကျူးလွန် ခဲ့ခြင်း ရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း ရွှေပြည်သာမြို့နယ်အတွင်းမှ စုစုပေါင်း ဆိုင်ကယ်(၁၉)စီး တို့အား အသီးသီးခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းပြီး ပြစ်မှုကျူး လွန်သူ ထက်မြက်အောင်(ခ)ဝေယံ(ခ)နောင်နောင် အား ဥပဒေနှင့်အညီ အမြန်ဆုံးတရားစွဲ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

MDN