အမှတ် ၂ တက္ကသိုလ် လေ့ကျင့်ရေးတပ် အတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် လျှပ်စစ်မီးသီးခေါင်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်

မန္တလေး ၂၉ ဇူလိုင် 


မန္တလေးမြို့ အမှတ် ၂ တက္ကသိုလ် လေ့ကျင့်ရေးတပ် အတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် လျှပ်စစ်မီးသီးခေါင်း အပူလွန်ကဲရာမှ မီးလောင်မှု အခုလ ၂၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့မှ သိရသည်။ 


ဇူလိုင်လ၂၈ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဟေမမာလာတောင်ရပ်ကွက်ရှိ အမှတ် ၂ တက္ကသိုလ်လေ့ကျင့်ရေးတပ် အတွင်းရှိ ဝန်ထမ်းလိုင်းခန်းနေ တပ်သားတစ်ဦး၏ အိပ်ခန်းတွင် သွယ်တန်းထားသော လျှပ်စစ်မီးသီးခေါင်း အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 


လျှပ်စစ်မီးသီးခေါင်း အပူလွန်ကဲကာ စစ်ဝတ်တန်ဆာ ထည့်ထားသည့် ပလက်စတစ်အိတ်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။ မီးလောင်မှုကြောင့် ပျဉ်ထောင်အိမ် ရှစ်ခန်းတွဲ နှစ်ထပ်အိမ်တစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 


မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်အတွက်  နိုင်ထွန်းကိုအား တပ်တွင်းအရေးယူမှုများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။


အိမို့မို့ခိုင် 
Photo - Than htay