အမရပူရမြို့နယ်၌ ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး

နေပြည်တော်  ၁၃ မတ်

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ကမ္ဘဲ့ကျေးရွာ စစ်ကိုင်း-မြစ်ငယ် ကားလမ်းဘေးရှိ စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရေး ခြံဝင်းအတွင်း၌ ၆ ဘီး ဆီဘောက်ဆာယာဉ်ပေါ်သို့ ဆီဖြည့်စဉ် ဆီဘောက်ဆာအတွင်းရှိ ဆီအငွေ့နှင့်ဓါတ်ပြု၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၁၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က ကမ္ဘဲ့ကျေးရွာနေ ခြံတာဝန်ခံ ဦးဖုန်းမြင့်ကြည် (၅၈)နှစ်ဦးဆောင်၍ ဆီကန်အတွင်းမှ အောက်တိန်းဆီများအား တန့်ဆည်မြို့နယ်၊ သာဂလကျေးရွာနေ စိုးသီဟ(၂၆)နှစ် မောင်းနှင်သော MDY-4K/xxxx (၄၄၀၀ ဂါလန်ဆံ့)  ဆီဘောက်ဆာ(၆)ဘီးယာဉ်ပေါ်သို့ ဆီဖြည့်နေစဉ် ဆီဘောက်ဆာအတွင်းရှိ ဆီအငွေ့နှင့်ဓါတ်ပြု၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး  မိနစ် ၃၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

 

မီးလောင်မှုကြောင့် မော်တော်ယာဉ် ၁ စီးနှင့် ဒီဇယ်ဆီ ဂါလန် ၇၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး စိုးသီဟမှာ မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သောကြောင့် ဦးဖုန်းမြင့်ကြည် အား မြစ်ငယ်နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား