အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များနှင့် ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ်များအား အရေးယူ

နေပြည်တော် ၁၃ ဇွန်

 

ဇွန်လ ၁၁ ရက်နေ့ ည ၆ နာရီအချိန်မှ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် (၂)စီး ဖမ်းဆီးခဲ့ပြီး ၂၀၁၉ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့ထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောမော်တော်ယာဉ် (၅၈၁၆) စီးအား ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရသည်။


    
အလားတူ ဇွန်လ ၁၁ ရက်နေ့ ည ၆ နာရီအချိန်မှ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေး အမြန်လမ်း တံတားဦးမြို့နယ် စကားအင်းတိုးဂိတ်၌ ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ် (၂) စီးအား ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးသို့ တရားစွဲတင်ပို့သွား မည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့ထိ ထိုင်ခုံခါးပတ်မပတ်ဘဲ မောင်းနှင်သော မော်တော်ယာဉ်(၉၂)စီးတို့အား ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

MDN