အမ်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

အမ်း  မေ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၈ ရက် နံနက်ပိုင်းက အထက(၁) ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား ကျောင်းသား ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးမျိုးမင်းသန့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကိုကြီးက  ကျောင်းအပ်နှံမှုအခြေအနေကို ရှင်းလင်းပြောကြားသည်။

အမ်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၁ ကျောင်း၊  အလယ်တန်းကျောင်း ၂၇ ကျောင်း၊  အလယ်တန်းကျောင်း(ခွဲ) ၂၈ ကျောင်း၊ မူလတန်းလွန်ကျောင်း ၃၅ ကျောင်း၊  အမက ၆၅ ကျောင်း၊ အမက(ခွဲ) ၄၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၂၁၈ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း သုံးကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း နှစ်ကျောင်း စုစုပေါင်း ၂၂၃ ကျောင်းရှိပြီး ဇွန် ၂ ရက်မှစတင်ကာ အခြေခံပညာ ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမင်းထွန်း(ပြန်/ဆက်)