အမျိုးသမီးများတွင် သားကြောဖြတ်ခြင်းနှင့် အမျိုးသားများတွင် သားကြောဖြတ်ခြင်း

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

သားကြောဖြတ်ခြင်းဆိုတာ ဘာလဲ။

သားကြောဖြတ်ခြင်းသည် အချိန်ကြာမြင့်စွာ ထိရောက်သည့် ကိုယ်ဝန်တားနည်းဖြစ်သည့်အပြင် နောက်ဆက်တွဲဆိုးကျိုးများကို နည်းစေသော နည်းလည်းဖြစ်ပါသည်။ သို့သော် သားကြောဖြတ်ပြီးလျှင် ကလေးပြန်ရအောင် ပြန်လည်ပြုလုပ်ရန် အလွန်ပင် ခက်ခဲသောကြောင့် မပြုလုပ်မီက သေချာအောင် ဆုံးဖြတ်ချက်ချသင့်ပါသည်။

သားကြောဖြတ်ခြင်းကို အမျိုးသမီးများနှင့် အမျိုးသားများတွင် အသက်အရွယ်မရွေး ပြုလုပ်နိုင်ပါသည်။ သို့သော် မတူညီသောရုပ်ပိုင်းဆိုင်ရာ အခြေအနေများကြောင့် ပြုလုပ်သည့်နည်းများလည်း တူညီမှုမရှိနိုင်ပါ။

အမျိုးသားများတွင် သားကြောဖြတ်ခြင်း
-    သုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း

အမျိုးသာများတွင် သုတ်ကောင်များသည် လိင်တံနှင့် ကပ်ပယ်အိတ်ကို ဆက်ထားသော သုတ်လွှတ်ပြွန်မှတစ်ဆင့် အပြင်သို့ထွက်ခြင်းဖြစ်သည်။ အဆိုပါသုတ်လွှတ်ပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်းတို့ ပြုလုပ်ခြင်းဖြင့် သုတ်လွှတ်ချိန်တွင် သုတ်ကောင်များ ပါမလာတော့ပါ။ သို့သော် သုတ်ရည်ပမာဏ နည်းသွားခြင်းမျိုးမဟုတ်ဘဲ သုတ်ရည်တွင် သုတ်ကောင်များ ပါမလာတော့ခြင်းမျိုးသာဖြစ်ပါသည်။

အမျိုးသမီးများတွင် သားကြောဖြတ်ခြင်း

အမျိုးသမီးများတွင် သားဥပြွန်ကို ဖြတ်ခြင်း၊ ချည်ခြင်း၊ မီးတို့ခြင်းဖြင့် မျိုးဥအိမ်မှထွက်သော ဥများကို သားအိမ်ဆီသို့ မရောက်ရှိတော့အောင် ပြုလုပ်ခြင်းဖြင့် သားကြောဖြတ်ခြင်းဖြစ်ပါသည်။ ထိုအခါ သားအိမ်တွင် သုတ်ကောင်သည် မျိုးဥနှင့်ပေါင်းပြီး သားန္ဓေတည်ခြင်း မပြုလုပ်နိုင်တော့ပါ။

အထက်ဖော်ပြပါနည်းများသည် ခွဲစိတ်ပြီး မေ့ဆေးဖြင့် ဆောင်ရွက်ရသော နည်းများဖြစ်ပါသည်။

သားကြောဖြတ်ခြင်း၏ အကျိုးကျေးဇူးမျာ

သားကြောဖြတ်ခြင်းသည် ကလေးမယူရန်သေချာသည့်သူများ၊ မျိုရိုးဆက်ခံသောရောဂါရှိသူများ (ဥပမာ- မျက်စိတွင် အရောင်များကို မှန်ကန်စွာ မမြင်ရခြင်း၊ သွေးထဲတွင် သွေးခဲစေသောဓာတ်များ ချို့တဲ့သော ဟီမိုဖီးလယား သွေးရောဂါဖြစ်ခြင်း)တွင် ယခုထက်ထိ အကောင်းဆုံး ကိုယ်ဝန်တားနည်းတစ်ခုဖြစ်ပါသည်။

သားကြောဖြတ်ခြင်း၏ အကျိုးကျေးဇူးများမှာ-

တစ်သက်လုံး ကလေးမရနိုင်တော့ခြင်း
တစ်သက်လုံး ကလေးမရနိုင်တော့သဖြင့် စိတ်ပူစရာမလိုဘဲ လိင်ဆက်ဆံနိုင်ခြင်းဖြင့် သင့်လိင်ဆင်ဆံဖက်၊ အိမ်ထောက်ဖက်ကို စိတ်ကျေနပ်မှုပိုရစေပါသည်။

အကျိုးအာနိသင် ထိရောက်မှုရှိခြင်း

သားကြောဖြတ်ခြင်းသည် ကိုယ်ဝန်ရခြင်းကို ၁၀ဝ % ကာကွယ်ပေးနိုင်ပါသည်။ ကလေးရနိုင်ချေသည် အမျိုးသားများတွင် လူ ၂၀ဝ၀ တွင် ၁ ယောက်နှုန်းဖြစ်ပြီး အမျိုးသမီးများတွင် လူ ၂၀ဝ လျှင် ၁ ယောက်နှုန်းသာဖြစ်ပါသည်။

သို့သော် Essure placement နည်းဖြင့် ခွဲစိတ်လျှင် (သားအိမ်ထဲသို့ မှန်ပြောင်းထဲ့သည့်နည်း) ကလေးရနိုင်ချေသည် အမျိုးသမီးများတွင် လူ ၅၀ဝ လျှင် ၁ ယောက်နှုန်းအထိကျဆင်းသွားမည်ဖြစ်သည်။

Filshie clip နည်းဖြင့် ခွဲစိတ်လျှင်ကလေးရနိုင်ချေသည် အမျိုးသမီးများတွင် လူ ၁၀ဝ၀ လျှင် ၂ ယောက်မှ ၃ ယောက်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်သည်။

အမျိုးသမီးများတွင် ဟော်မုန်းပမာဏ မျှတမှုရှိခြင်း
သားကြောဖြတ်ခြင်းသည် ကိုယ်ဝန်တားဆေးများသောက်ခြင်း၊ မိန်းမကိုယ်ထဲသို့ ကွင်းထည့်ခြင်းကဲ့သို့ အီစတရိုဂျင်ဟော်မုန်းများ ထုတ်လွှတ်မှုမရှိသောကြောင့် အမျိုးသမီးများတွင် ဟော်မုန်းပမာဏ မျှတမှုရှိစေပါသည်။ ထို့ပြင် အမွှေးအမျှင်များ၊ အသားအရေ၊ ရင်သားနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ပြောင်းလဲခြင်းများ မဖြစ်စေနိုင်ပါ။ ရာသီစက်ဝန်းလည်း မပြောင်းလဲဘဲ အခြားသောနည်းများနှင့် စာလျှင် အရွယ်မတိုင်မီတွင်  သွေးဆုံးခြင်းဖြစ်နိုင်ချေကိုလည်း လျော့နည်းစေပါသည်။

သားကြောဖြတ်ခြင်း၏ ဆိုးကျိုးများ

-    သားကြောဖြတ်ခြင်းသည် ပြန်ပြင်၍မရသော ကိုယ်ဝန်တားနည်းဖြစ်သည့်အတွက် ပြုလုပ်သူများအနေဖြင့် တချိန်တွင် ကလေးလိုချင်လာ၍ဖြစ်စေ စိတ်ပြောင်းသွားပါက ခက်ခဲနက်နဲပြီး ဈေးကြီးသော၊ အောင်မြင်နိုင်ချေနည်းသော၊ အောင်မြင်လျှင်လည်း နောက်ဆက်တွဲဆိုးကျိုးများသော ခွဲစိတ်မှုများကို ခံယူရမည်ဖြစ်ပါသည်။

-    သားကြောဖြတ်ပြီး သွားသော်လည်း မျိုးဥပြွန်သည် ပြန်ဆက်သွားပြီး ကလေးပြန်ရနိုင်ချေရှိသော်လည်း ထိုသို့ဖြစ်ခြင်းသည် အင်မတန်ရှားပါးပါသည်။

-    အခြားသော ကိုယ်ဝန်တားနည်းများနှင့် နှိုင်းစာပြီးပြောရသော် သားကြောဖြတ်ခြင်းသည် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများကို မကာကွယ်နိုင်သည့်အတွက် လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးခြင်းက စိတ်ချရစေပါသည်။

-    သားကြောဖြတ်သော ခွဲစိတ်မှု၏ နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော မေ့ဆေးအရှိန်များခံရခြင်း၊ သွေးထွက်ခြင်း၊ ရောဂါပိုးဝင်ခြင်းများ ဖြစ်နိုင်ချေရှိပါသည်။

-    ထို့ပြင် သားကြောဖြတ်သော ခွဲစိတ်မှုသည် ဒေါ်လာ ၅၀ဝ မှ ၆၀ဝ၀ အတွင်းကုန်ကျနိုင်သည့်အတွက် လူအများအဖို့ ဈေးနှုန်းအားဖြင့် စဉ်းစားစရာ နည်းတခုဖြစ်လာနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”