အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း ဂိုးပြတ်အနိုင်ရ

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂) တတိယနေ့ကို ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပရာ အား/ကာသိပ္ပံအသင်းက တက္ကသိုလ်အသင်းကို ၁၇ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

 

ယခုရာသီတွင် စနစ်တကျပြင်ဆင်ထားသည့် အား/ကာသိပ္ပံအသင်းသည် ယခုပွဲတွင်လည်း ခြေစွမ်းပြပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ပထမပိုင်းတွင် ငါးဂိုးပြတ်သာ အနိုင်ရနေသော်လည်း ဒုတိယပိုင်းတွင် ၁၂ ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ဂိုးပြတ်သွားခြင်းဖြစ်သည်။ 

 

အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ၁၉၊ ၅၀၊ ၅၅၊ ၆၅ မိနစ်တွင် ခင်မာလာထွန်း၊ ၂၅၊ ၈၃ မိနစ်တွင် ခိုင်သဇင်ဦး၊ ၃၀၊ ၆၂၊ ၇၉ မိနစ်တွင် ရီရီဦး၊ ၃၆ မိနစ်တွင် မေဖူးကို၊ ၄၀၊ ၇၅ မိနစ်တွင် သင်းသင်းယု၊ ၆၃ မိနစ်တွင် နှင်းကလျာကို၊ ၇၇၊ ၈၁၊ ၈၄၊ ၈၅ မိနစ်တွင် နုနုတို့က သွင်းယူခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ပထမပွဲတွင် ဇွဲကပင်ကို ခုနစ်ဂိုးပြတ်အနိုင်၇ထားရာ နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

 

ပွဲစဉ် (၂) နောက်ဆုံးနေ့အဖြစ် ဒီဇင်ဘာ ၁၄ ရက် ညနေ ၃ နာရီခွဲတွင် သစ္စာအားမာန်နှင့် YREO အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း