အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂) ဒီဇင်ဘာ ၁၁ ရက်တွင် စတင်ကျင်းပမည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိသည့် ၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၂) ကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၄ ရက်အထိ အောင်ဆန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

ပွဲစဉ် (၂) အဖြစ် ဒီဇင်ဘာ ၁၁ ရက် (ယနေ့) တွင် အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းနှင့် ဇွဲကပင်အသင်း၊ ဒီဇင်ဘာ ၁၂ ရက်တွင် မြဝတီအသင်းနှင့် ဂန္ဓမာအသင်း၊ ဒီဇင်ဘာ ၁၃ ရက်တွင် တက္ကသိုလ်အသင်းနှင့် အား/ကာသိပ္ပံအသင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် သစ္စာအားမာန်အသင်းနှင့် YREO အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည။ ပွဲစဉ်များကို ညနေ ၃ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ သတ်မှတ်ထားသည်။ ပွဲစဉ် (၁) တွင် သစ္စာအားမာန်၊ အား/ကာသိပ္ပံ၊ အား/ကာဦးစီးဌာနနှင့် မြဝတီအသင်းတို့ အနိုင်ရထားပြီး သစ္စာအားမာန်အသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

 

သတင်း-ရဲရင့်ရှိုင်း