အမျိုးသားပညာရေးမြှင့်တင်ရေးဆိုင်ရာ ခြေလှမ်းတစ်လှမ်း

နေပြည်တော် ၂၈ ဧပြီ

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေညာချက်အရ နိ်ုင်ငံခြားသားလုပ်ငန်းရှင်များသည် ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၌ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ရရှိတော့မည်ဖြစ်ပါသည်။ ဤကြေညာ ချက်သည် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာ၌ လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများနှင့် ပညာရှင်များမွေးထုတ်ပေးနိုင်ရေးအပါအဝင် တိုင်းပြည်၏ ပညာရေးအဆင့်အတန်း မြှင့်တင်နိုင်ရေးအတွက် အားသစ်လောင်း တွန်းအားပေးလိုက်ခြင်း ဖြစ်ပါသည်။

 

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းကြေညာချက်အရ အခြေခံပုဂ္ဂလိကကျောင်း၊ နည်းပညာနှင့်သက်မွေးဆိုင်ရာပညာရေးအပါအဝင် လေ့ကျင့်ရေးပုဂ္ဂလိကကျောင်း၊ အဆင့်မြင့်ပညာ ပုဂ္ဂလိကကျောင်းနှင့် ဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ရသော ပုဂ္ဂလိကကျောင်းတို့ကို ရာနှုန်းပြည့်နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ထောင်ခွင့်ပြုသွားမည် ဖြစ်ပါသည်။ သင်ရိုးòန်းတမ်းအပိုင်း၌ ပညာရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနက သတ်မှတ်သောသင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားနိုင်သကဲ့သို့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့်လည်း သင်ကြားနိုင်ပါသည်။

 

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသောပစ္စုပ္ပန်ကာလ၌ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်းသည် လုပ်ငန်းလိုအပ်ချက် ကျယ်ပြန့်ကြီးမားသောကြောင့် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြားသားလုပ်ငန်းရှင်တို့အတွက် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါသည်။ တိုင်းပြည်၏အရွယ်အမျိုးမျိုးသော မျိုးဆက်သစ်တို့အတွက်လည်း ၄င်းတို့၏ပညာရေးအတွက် ရွေးချယ်စရာအခွင့်အလမ်းတို့ကို ပိုမိုရရှိစေမည်ဖြစ်ပါသည်။ ဤအချက်က တိုင်းပြည်၏ပညာရေးအဆင့်အတန်းကို ပိုမိုမြင့်မားစေပြီး ကျွမ်းကျင်လုပ်သားအပါအဝင် အဆင့်မြင့်ပညာရှင်တို့ကိုပိုမိ်ုမွေးထုတ်ပေးနိုင်မည် ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရသည် ပုဂ္ဂလိကကျောင်းဆိုင်ရာ ဥပဒေ၊နည်းပညာနှင့် သက်မွေးပညာအပါအဝင် လေ့ကျင့်ရေးဆိုင်ရာဥပဒေ၊အဆင့်မြင့်ပညာရေးဆိုင်ရာ ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော်လည်း ဥပဒေမူကြမ်းအဆင့်၌သာ ရှိပါသေးသည်။

 

သို့သော် အချိန်နှင့် အပြိုင်ဖွံ့ ဖြိုးတိုးတက်မှုကို ဖန်တီးဖော်ဆောင်နေရသော ပစ္စုပ္ပန်ကာလ၌ ပညာရေးအဆင့်မြှင့်တင်ရေးကို တည်ဆဲဥပဒေများ ဘောင်အတွင်းမှ ဖြစ်နိုင်သမျှ အကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။မြန်မာနိ်ုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်ပဖက်စပ် (သို့မဟုတ်) ရာနှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် တည်ထောင်မည့်ကျောင်းများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ဤကော်မရှင်၏အမိန့်ကြေညာစာနှင့်၂၀၁၄ ခုနှစ် အမျိုးသားပညာရေးဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် òန်ကြားထားပါသည်။ မည်သည့်ကိစ္စရပ်၌မဆို အခွင့်အလမ်းနှင့် စိန်ခေါ်မှုသည် ယှဉ်တွဲတည်ရှိပါသည်။ ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ထူထောင်မည့် ပုဂ္ဂလိကကျောင်းတို့အတွက် ဥပဒေဆိုင်ရာ လိုအပ်ချက်တို့ကို ြွခင်းချက်မရှိ ဖြည့်ဆည်းပြီးဟု မဆိုနိုင်သော်လည်း လက်တွေ့လုပ်ငန်း လည်ပတ်နိုင်သော အဆင့်အတွက်မှာမူ ဥပဒေတို့ပြဋ္ဌာန်းပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှုလုပ်ငန်း၌ ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းအပေါ် လေးနက်စွာ ကြိုဆိုဂုဏ်ပြုပါကြောင်း တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း