အမျိုးသားစာကြည့်တိုက် (နေပြည်တော်)တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်

နေပြည်တော် ၁၅ ဇန်နဝါရီ  


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမျိုးသား စာကြည့်တိုက် နေပြည်တော်တွင် ပြုလုပ်သည်။


သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်က သင်တန်းကို ပြည်သူ့စာကြည့်တိုက်များတွင် တာဝန်ထမ်းဆောင်နေကြသည့် စာကြည့်တိုက်ပညာရပ်ဆိုင်ရာ သင်တန်းမတက်ရသေးသူများ၊ အခြေခံစာကြည့်တိုက်ပညာရပ်တွေကို နားလည်တက်မြောက်ပြီး လက်တွေ့ ဆောင်ရွက်တက်စေဖို့နဲ့  ကိုယ်ထူကိုယ်ထစာကြည့်တိုက် တည်ထောင်ဖွင့်လှစ် ထားသူများ အနေနဲ့လည်း စာကြည့်တိုက်လုပ်ငန်းကို နည်းစနစ် မှန်ကန်စွာ ဆောင်ရွက်တက်စေဖို့နဲ့ အခြေခံ စာကြည့်တိုက်ပညာရပ်တွေကို စာတွေ့လက်တွေ့ တတ်မြောက်စေခြင်းဖြင့် စာကြည့်တိုက်မှူးများရဲ့ အရည်အသွေးမြင့်မားလာပြီး စာကြည့်တိုက် လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ပိုမို စနစ်တကျရှိလာစေဖို့အတွက် စာကြည့်တိုက်ဆိုင်ရာ ဗဟုသုတတွေ ပိုမို တိုးပွားပြီး စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စာကြည့်တိုက်အသုံးပြုရာမှာ ပိုမိုထိရောက် အောင်မြင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့်လည်း သင်တန်းကရရှိလာမည့် စာကြည့်တိုက်ပညာရပ်ဆိုင်ရာ အရည်အချင်းများ ၊ အတွေ့အကြုံဗဟုသုတများနဲ့ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း ၊ ပြည်သူလူထုကို အသိပညာဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရေးအတွက် ကြိုးစားသင်ယူကြရန်လိုကြောင်း ပြောကြားခဲ့သည်။

 

ာိည

 

ဆက်လက်၍ အမျိုးသားစာကြည့်တိုက် နေပြည်တော်မှ ညွှန်ကြားရေးမှူး ဒေါ်မြဦးက သင်တန်းနှင့်ပတ်သက်၍ သင်တန်းတွင် စာကြည့်တိုက် ဖွံ့ဖြိုးရေးနှင့်စီမံခန့်ခွဲရေး၊ ကတ်တလောက်လုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ ရည်ညွှန်းလုပ်ငန်းနှင့် စာပေပစ္စည်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း စသည့် စာကြည့်တိုက် ပညာရပ်များကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


သင်တန်းဖွင့်ပွဲသို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ဆန်းဦး၊ ဒုတိညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ  ပြည်သူ့စာကြည့်တိုက်များနှင့် ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များမှ သင်တန်းသား/ သင်တန်းသူ ၂၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


အောင်ကို(ပြန်/ဆက်)

 

ာိည