အမျိုးသား ပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ နိုင်ငံတွင်း ငြိမ်းချမ်းရေး သံတမန်ညှိနှိုင်းရေးမှူးများ သင်တန်းဖွင့်ပွဲနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် သင်တန်းသားများအား တွေ့ဆုံမေးမြန်း

ဒေါက်တာတင်ညို

ကင်းထောက်ချုပ်

မြန်မာနိုင်ငံကင်းထောက်အဖွဲ့ 
ကင်းထောက်ဟာ  လူ့အဖွဲ့အစည်းအားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ လူမှုအဖွဲ့အစည်းပါ။ သူတစ်ပါးကို မိမိအသိပညာ ကျွမ်းကျင်မှုကို အခြေခံပြီးကူညီပေးဖို့ အသင့်ရှိပါမယ်ဆိုတဲ့ ကင်းထောက်ကတိဟာ လူသားအားလုံး တောင့်တနေတဲ့ ငြိမ်းချမ်းရေးအပါအဝင် ဘဝလိုအပ် ချက်တွေအတွက် အခြေခံလိုအပ်တဲ့ ကတိကဝတ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်ခဲ့တဲ့ ကောင်းမွေမျိုးကို ယခုအချိန်အခါမှာ ပြန်လည်ဖော်ထုတြ်ပီး လူငယ်တွေ ကို လေ့ကျင့်ပေးနေခြင်း ဖြစ်ပါတယ်။ ဒါမှသာ ကမ္ဘာ့နိုင်ငံပေါင်း၊ အုပ်ချုပ်ရေးနယ်ပယ်ပေါင်း (၂၀ဝ) မှာရှိတဲ့ ကင်းထောက် သန်း(၄၀)ကျော်နဲ့ လက်တွဲပြီး ပိုမိုသာယာကောင်းမွန်တဲ့ ကမ္ဘာကြီး တည်ဆောက်ရေးမှာ နောက်ကျ မကျန်ရစ်မှာပါ။ အမှန်ကတော့ ကင်းထောက် အဖွဲ့အစည်းမရှိဘဲ ကုန်လွန်ခဲ့တဲ့ ကာလတွေကို နှမြောမိပါတယ်။ ဒီလိုမဖြစ်ခဲ့ရင် လူငယ်သာမက လူလတ်ပိုင်းမှာ ရှိနေသူတွေရဲ့ အနေအထား ဒီထက်ကောင်းမွန်နေမယ်ဆိုတာ လေးလေးနက်နက် ယုံကြည် ပါတယ်။ အခုလည်း နောက်မကျသေးပါဘူး။ နိုင်ငံတော်ကို တည်ဆောက်သလို အားလုံးဝိုင်းဝန်း ပြီး ကင်းထောက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲညီညီ ဆောင်ရွက်ကြပါလို့ လူငယ်လူရွယ်တွေ အမွေကောင်း ခံယူနိုင်ပါစေလို့ တိုက်တွန်း ဆန္ဒပြုပါတယ်။ 
Mr.Paul Parkinson

ဥက္ကဋ္ဌ

အာရှပစိဖိတ်ဒေသဆိုင်ရာကင်းထောက်ကော်မတီ

လွန်ခဲ့တဲ့နှစ်များစွာ ရပ်နားခဲ့ရတဲ့ မြန်မာနိုင်ငံ ကင်းထောက်လုပ်ငန်းကို ၂၀၁၂ ခုနှစ်က စတင်ပြီး ပြန်လည်ဆောင်ရွက်ခဲ့တာမှာ   မြန်မာနိုင်ငံ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ ကင်းထောက် ကော်မတီဝင်များ၊ ကင်းထောက် လူငယ်မောင်မယ်များ ကြိုးပမ်းမှုကြောင့်  အချိန်တိုအတွင်းမှာ ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပါတယ်။ အခု ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းများကို ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်၊ အာရှပစိဖိတ်ဒေသမှ ကင်းထောက်နည်းပြ ဆရာ များက လာရောက်လေ့ကျင့် သင်ကြားပေးခွင့်ရတဲ့အတွက်လည်း သက်ဆိုင်ရာ တာဝန်ရှိသူ အသီး သီးကို ကျေးဇူးတင်ပါတယ်။ မိမိတို့ နိုင်ငံတကာမှ သင်တန်းနည်းပြများရဲ့ လေ့ကျင့်သင်ကြား ပို့ချမှုများကို မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ဝင်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများက တလေး တစား လိုက်နာလေ့ကျင့် သင်ယူသည်ကို တွေ့ရှိရပြီး  သင်ကြားခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပညာတွေကို မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးသာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ တိုင်းပြည်များမှ လူသား ကောင်းကျိုးအတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံ ကင်းထောက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်နဲ့ အာရှပစိဖိတ် ဒေသဆိုုင်ရာ ကင်းထောက်အဖွဲ့တို့မှ အစွမ်းကုန် ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။

Mr.J. Rizal C. Pangilinan

ညွှန်ကြားရေးမှူး

အာရှပစိဖိတ်ဒေသဆိုင်ရာကင်းထောက်အဖွဲ့

ကင်းထောက်လုပ်ငန်းတွေဟာ  ကမ္ဘာ့နိုင်ငံပေါင်း(၂၀ဝ)မှာ အောင်မြင်စွာ လှုပ်ရှားနေပါ တယ်။ အခု ကင်းထောက်မောင်မယ်များဟာ မြန်မာနိုင်ငံ ကင်းထောက်များသာ မဟုတ်ဘဲ ကမ္ဘာ့ ကင်းထောက်ရဲ့  အစိတ်အပိုင်း ဖြစ်လာပါတယ်။  ကင်းထောက်ဘဝကို မြတ်မြတ်နိုးနိုး ခံယူကြရ မှာဖြစ်ပါတယ်။  ကမ္ဘာ့သမိုင်းမှာ   ထင်ရှားခဲ့သူများမှာ ကင်းထောက်ကြီးများပါဝင်တာကို တွေ့မြင် ရမှာဖြစ်ပါတယ်။  နမူနာအဖြစ် လကမ္ဘာကို ခြေချခဲ့သူ အာကာသသူရဲကောင်း အမ်းစထရောင်းဟာ သူ့ရဲ့ အာကာသဝတ်စုံမှာ  ကင်းထောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ကင်းထောက်တံဆိပ်ကို တပ်ဆင် ထားပြီး လကမ္ဘာကိုခြေချစဉ် “Eagle has Landed” ဟူ၍ ကြွေးကြော်ခဲ့ပါတယ်။  အကြောင်းက သူဟာ  ကင်းထောက်ဖြစ်ခဲ့စဉ် အခါက ကျွမ်းကျင်မှုအမြင့်ဆုံး Eagle Scout ဖြစ်ခဲ့တဲ့အတွက် ဂုဏ်ယူစွာနဲ့ ကြွေးကြော်ခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးမှာ  ကတိခံယူရာမှာ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပဋ္ဌာနာပြုရန်ဟူ၍ ခံယူတဲ့အဖွဲ့အစည်းက ကင်းထောက်အဖွဲ့အစည်း တစ်ခုသာရှိပါတယ်။

Mr.S.PrassannaShrivastava

ညွှန်ကြားရေးမှူး

အာရှပစိဖိတ်ဒေသဆိုင်ရာကင်းထောက်အဖွဲ့

မြန်မာနိုင်ငံမှာ လာရောက်သင်တန်းပို့ချတဲ့ ရည်ရွယ်ချက်ကတော့ ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မြှင့်တင်ပေးမယ့် လူငယ်ခေါင်းဆောင်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို တိ်ုးတက် လာအောင် လေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ဘာလဲဆိုတဲ့ အသိပညာ၊ ဗဟုသုတနှင့် အရည်အသွေးတွေ ရရှိအောင်၊ နောက်ပြီး လူငယ်တွေအနေနဲ့ နိုင်ငံ့သားကောင်း များအဖြစ် တာဝန်ယူ လုပ်ဆောင်နိ်ုင်အောင်လို့ နှိုးဆော်တိုက်တွန်းပေးခြင်းပဲ ဖြစ်ပါတယ်။ သင်တန်းအပေါ် ထင်မြင်ချက်ကို ပြောရမယ်ဆိုရင် အရည်အချင်းရှိတဲ့ လူငယ်ခေါင်းဆောင်တွေကို ဒီသင်တန်းပြီးတဲ့အခါမှာ ငြိ်မ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပိုမိုဆောင်ရွက်နိုင်ဖို့ လမ်းပြပေးနိုင်တဲ့အပြင် ပိုမိုများပြားသော ဒေသတွင်းမှာ လူငယ်များကို တာဝန်ယူတတ်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာ နိုင်မယ့် သင်တန်းလို့ မြင်မိပါတယ်။

 
မပန်းမြတ်မွန်

ကြက်ခြေနီတပ်စုမှူး၊သာကေတမြို့နယ်

ရန်ကုန်တိုင်းဒေသကြီး

ဒီနိုင်ငံအတွင်း ငြိမ်းချမ်းရေးသံတမန် ညှိနှိုင်းရေးမှူး သင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်က ကျွန်မတို့ကြက်ခြေနီ အခြေခံမူ(၇)ချက်နဲ့အညီ ခွဲခြားမှုမရှိဘဲ လူသားချင်းစာနာ ထောက်ထားတဲ့အနေနဲ့ ပြည်သူအားလုံး ငြိမ်းချမ်းဖို့၊ ပြည်သူလူထုအတွက် ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားဖို့ တက်ရောက်ခြင်းဖြစ်ပါတယ်။

သင်တန်းပြီးသွားတဲ့အခါမှာလည်း ရရှိလာတဲ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ ကို လက်လှမ်းမီသလောက် ကင်းထောက် ညီအစ်ကိုမောင်နှမများနဲ့ မြန်မာပြည်အနှံ့ ပြန်လည် မျှဝေပြီး ပေးအပ်လာတဲ့ တာဝန်တွေကိုလည်း Coordinator ကောင်းတစ်ယောက်အနေနဲ့ ကျေပွန်စွာ ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

ဒေါ်သန္တာ

အရပ်ဘက်လူ့အဖွဲ့အစည်း

လွိုင်ကော်မြို့၊ ကယားပြည်နယ်

YMCA အသင်းသားတစ်ယောက်အနေနဲ့ MoPသင်တန်းတက်ခွင့် ရတဲ့အတွက် ဝမ်းမြောက် မိပါတယ်။ MoP ကွန်ရက်ကို ဆက်လက်ဖြန့်ဝေဖို့အတွက် ကယားပြည်နယ်မှာ YMCA အသင်းနဲ့ အခြားသော NGO, INGO, ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူငယ်များနှင့် ပူးပေါင်း ဆောင်ရွက် နိုင်စွမ်းရှိပါတယ်။

ကင်းထောက်အဖွဲ့ဝင်များရဲ့ လှုပ်ရှားမှုအားနည်းလို့ MoPကွန်ရက်ကိုဖြန့်ဝေရာမှာ အခက် အခဲကြုံတွေ့နိုင်ခြင်း၊ တိ်ုင်းရင်းသားဘာသာစကား အခက်အခဲရှိခြင်း၊ Scout, MoP စတာတို့ကို နားမလည်ခြင်း စတဲ့အခက်အခဲများရှိခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိတာကြောင့် MoP ကွန်ရက်ဖြန့်ဖို့ အခက်အခဲရှိပါတယ်။

ကယားပြည်နယ်မှာ ကင်းထောက်သင်တန်းတွေ ဆက်လက်ဖွင့်ပေးဖို့ လိုအပ်ပါ တယ်။  YMCA  အသင်းအနေနဲ့လည်း MoP ကွန်ရက်ဖြန့်ဝေရာမှာ ကင်းထောက်အဖွဲ့ရဲ့  လိုအပ် ချက်တွေကို ကူညီဆောင်ရွက် ပေးသွားပါမယ်။

ဦးလုမ်သန်းစံ(ကင်းထောက်ဆရာ)

လားရှိုးမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)

MoP သင်တန်းကို တက်ရောက်ခွင့်ရလိ်ု့ ဝမ်းမြောက်ဂုဏ်ယူပါတယ်။ အစက ဒီသင်တန်းမှာ ကင်းထောက်လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက်ပဲလို့ထင်ခဲ့တယ်။ အခုဒီသင်တန်းမှာ နိုင်ငံအကျိုးပြုမယ့် ငြိမ်းချမ်းရေးလုပ်ငန်းဆောင်ရွက်တဲ့အခါ ဘယ်လိုနည်းလမ်းများ ဆောင်ရွက် ရမယ်ဆိုတာတွေ သိရှိလာပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းကို လူတိ်ုင်းပါဝင်ဆောင်ရွက်သင့်ပြီး မိမိတို့ကင်းထောက် အဖွဲ့ဝင်တွေ ကလည်း ပြည်သူတွေကို အခုသင်ကြားပေးတဲ့ နိုင်ငံတကာဆင့်မီ ပညာရပ်တွေနဲ့ ပါဝင်ကူညီ် ဆောင်ရွက်ပေးကြမှာ ဖြစ်ပါတယ်။ ဒီ MoP လုပ်ငန်းကို ကမ္ဘာ့ကင်းထောက် အဖွဲ့အစည်းကြီးက တစ်ကမ္ဘာလုံးကိုဆောင်ရွက်နေပါတယ်။ အခု မြန်မာနိုင်ငံကိ်ု လာရောက်ပြီး MoP လုပ်ငန်း ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်တို့ မြန်မာကင်းထောက်များအနေဖြင့် ဝမ်းသာကြိုဆိုပါ တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းကို နိုင်ငံတော် အကြီးအကဲများကိုယ်တိ်ုင် ဦးစီးဆောင်ရွက်နေတဲ့ အချိန်အခါမှာ ကျွန်တော်တို့ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဒီသင်တန်း ကရရှိတဲ့ အတွေ့အကြုံ၊ ဗဟုသုတ၊ နည်းလမ်းများနဲ့ ကျွန်တော်တို့ ဒေသပြန်ရောက်တဲ့အခါ တတ်နိ်ုင်သလောက် ဆောင်ရွက်သွားပါမယ်လို့ ကတိပြုရင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိပါစေလို့ ဆုတောင်းပါတယ်။ 


ဦးမောင်ပုချေ (ကင်းထောက်ဆရာ)

အထက်တန်းပြ(ကာယ)

ဘူးသီးတောင်မြို့၊ ရခိုင်ပြည်နယ်

 
Myanmar MoP Local Coordinators Training သင်တန်းကို တက်ရောက်ခွင့် ရတဲ့အတွက် အထူးဝမ်းသာမိပါတယ်။ ငြိမ်းချမ်းရေးဟာ လူသားအားလုံးအတွက် အရေးကြီးလှပါ တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြုလုပ်ရရှိဖို့အတွက် နိုင်ငံ့သားကောင်းတွေရဲ့ အခန်းကဏ္ဍ ဟာ အများကြီးအကျုံးဝင်ပါတယ်။  နိုင်ငံတော်အတွက် အားထားရမယ့် အနာဂတ်မျိုးဆက်သစ် တွေကို အသိဉာဏ် ဖွံ့ဖြိုးမှုကအစပြုပြီး ဗလငါးတန်ပြည့်ဝတဲ့ လူငယ်လေးတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးပြီး နိုင်ငံတော်အတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေရဲ့ ရင်ထဲမှာ ငယ်ငယ်ကတည်းကပင် အမုန်းတွေ၊ အငြိုးတွေ၊ အတ္တတွေ၊ သင်္ကာမကင်းမှု၊ အာဃာတတွေ ရင်ထဲမှာစွဲမိမသွားအောင် အသိပညာတွေ များများရရှိဖို့ မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့မှ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်နဲ့ ဆက်သွယ်ပြီးTraining တွေများများလုပ်ပေးတဲ့အတွက် များစွာအကျိုးရှိပါတယ်။ သံသယစိတ်တွေ ကင်းပြီး နိုင်ငံ့သားကောင်းအားလုံး ရင်ထဲငြိမ်းချမ်းနေမှ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ဓလေ့၊ စရိုက်၊ ရိုးရာယဉ်ကျေးမှုတွေကိ်ု လက်ခံကြပြီး စာနာမှု၊ နားလည်မှု၊ ကူညီပေးမှု၊ အပြန်အလှန်လေးစားမှုတွေနဲ့အတူ ငြိမ်းချမ်းရေး စတင်တည်ဆောက် နိုင်ကြမယ်။ နိုင်ငံတော်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး စတင်တည်ဆောက် နိုင်ကြပါမယ်။ နိိုင်ငံတော်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကင်းထောက်များနဲ့  ပြည်သူများ ပူးပေါင်းပြီး အောင်မြင်စွာ ပါဝင်လုပ်ဆောင် နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

         
ဒေါ်သစ်သစ်ဦး

ကင်းထောက်ကြီး

ရန်ကုန်

 
ငြိမ်းချမ်းရေး နိုင်ငံတွင်းသံတမန် ညှိနှိုင်းရေးမှူး သင်တန်းကနေ မတူညီတဲ့ ရှုထောင့်အမျိုး မျိုးမှ ငြိမ်းချမ်းရေးအပေါ် ထားရှိပုံများကိုသိရှိရပြီး ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံမှ လုပ်ငန်း ဆောင်ရွက်နေမှုများကို နိ်ုင်ငံတကာမှ သိရှိလာအောင် ကွန်ရက်ချိတ်ဆက် ဖော်ပြနိ်ုင်တဲ့ နည်းလမ်း တွေကိုလည်း သင်ယူရရှိခဲ့ပါတယ်။ သင်တန်းသား၊ သင်တန်းသူများဟာ အိမ်အပြန်မှာ သင်တန်းက ငြိမ်းချမ်းခြင်းအတွက် သင်ကြားပို့ချပေးတဲ့ စာတွေ့လက်တွေ့ သင်ခန်းစာများကို သယ်ဆောင်သွားပြီး တိုင်းရင်းသားပြည်သူများနဲ့အတူ မြန်မာပြည်အနှံ့ ဖြန်ဝေကြမယ်လို့ မျှော်လင့်ပါတယ်။

ဦးလတ် (ကင်းထောက်ကြီး)