အမိန့်ကြော်ငြာစာများ ထုတ်ပြန်ကြေညာ

နေပြည်တော် ၄ ဇန်နဝါရီ

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဆရာတော်ကြီးများ၊ ဂန္ထဓုရပရိယတ္တိ ဝန်ဆောင်စာချဆရာတော်များ၊ ဝိပဿနာဓုရပဋိပတ္တိဝန်ဆောင် ကမ္မဋ္ဌာန်းနည်းပြ ဆရာတော်များ၊ နယ်လှည့်ဓမ္မကထိကနှင့် ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်များ၊ ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာ ထောက်ပံ့လှူဒါန်း ပေးနေကြသည့် ပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းလိုက်သည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၉) ကို လည်းကောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း သည့် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၉)ကိုလည်းကောင်း၊ မြန်မာနိုင်ငံ စစ်မှူးထမ်းသင်္ဂဟတံဆိပ် ချီးမြှင့်အပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၁၉) ကိုလည်းကောင်း၊ စစ်မှုထမ်းကောင်းတံဆိပ် ချီးမြှင့်အပ်နှင်းသည့် အမိန့်ကြော်ငြာစာ အမှတ် (၄/၂၀၁၉) ကိုလည်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်အပ်နှင်း သည့် အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၁၉)ကိုလည်းကောင်း၊ ရဲမှုထမ်းကောင်း တံဆိပ်ချီးမြှင့်အပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ် (၆/၂၀၁၉)ကိုလည်းကောင်း၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ်ချီးမြှင့်အပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ် (၇/၂၀၁၉) ကို လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းတံဆိပ်နှင့် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေး တံဆိပ်ချီးမြှင့်အပ်နှင်းသည့် အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၁၉) ကို လည်းကောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်၊ (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

 


(သတင်းစဉ်)