အမေရိကန်တပ်ဖွဲ့ဝင် တစ်ဦး အာဖဂန်နစ္စတန်တွင် သေဆုံး

အာဖဂန်နစ္စတန် တာဝန်ထမ်းဆောင်ချိန် ပြင်ပ၌ အမေရိကန်စစ်သား တစ်ဦး ယမန်နေ့က သေဆုံးခဲ့ကြောင်း နေတိုးဦးဆောင်သည့် အဖွဲ့က ယနေ့အတည်ပြု သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက် အကျဉ်းချုပ်တွင် ထိုအမေရိကန်စစ်သား၏ အသေးစိတ် အချက်အလက်များမပါရှိကြောင်း မိသားစု ဆွေမျိုးသားချင်းများထံ အကြောင်းကြားပြီးနောက် ၂၄ နာရီတွင် ယင်းစစ်သား၏အမည်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသေဆုံးမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ထိုသတင်းထုတ်ပြန်ချက်အရ သိရသည်။

နေတိုးနှင့် အမေရိကန် တပ်ဖွဲ့များသည် ၎င်းတို့၏ တိုက်ခိုက်ရေး မစ်ရှင်ကို အဆုံးသတ်ခဲ့ပြီးနောက် နေတိုးဦးဆောင်သော မစ်ရှင်ကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။

အမေရိကန် တပ်ဖွဲ့ဝင် ၁၆၀၀၀ ခန့်သည် ထိုနယ်မြေဒေသရှိ အာဖဂန်စစ်သားများကို  သင်တန်းပေးခြင်း၊ အကြံပေးခြင်းနှင့် အထောက်အပံ့ ပေးခြင်းတို့ဖြင့် နေတိုးဦးဆောင်သော မစ်ရှင်အတွက် အာဖဂန် တပ်ဖွဲ့များကို ကူညီရန် အာဖဂန်နစ္စတန်တွင် လက်ရှိတပ်စွဲနေကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို