အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပရန် လေးလသာလိုတော့သည်

၃ ဇူလိုင်

 

 

အမေရိကန် နိုင်ငံသားများ အနေဖြင့် သမ္မတအဖြစ် မည်သူ့ကို ရွေးချယ်မည်ကို ဆုံးဖြတ်ရန်အတွက်  မဲရုံသို့ လာရောက်မဲပေးရန် ယနေ့မှစ၍ လေးလမျှသာ ကြာမြင့်တော့မည်ဖြစ်သည်။ 

 

 

ရီပတ်ပလစ်ကန်ပါတီမှ လက်ရှိသမ္မတ ဒေါ်နယ်ထရန့်နှင့် ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ယခင် ဒုသမ္မတ ဖြစ်သူ ဂျိုးဘိုင်ဒင်တို့သည် လာမည့် နိုဝင်ဘာလ ၃ရက်နေ့တွင် ယှဉ်ပြိုင်အရွေးခံမည်ဟု မျှော်လင့်ရသည်။

 

 

အမေရိကန်နိုင်ငံ၏ RealClearPolitics ဝက်ဆိုဒ်မှ စစ်တမ်းကောက်ယူမှုအရ ထရန့်၏ ပျှမ်းမျှ ထောက်ခံမှုမှာ ဇွန်လကုန်အထိ ၄၀ဒသမ၄ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့ပြီး ဂျိုးဘိုင်ဒင်ထက် ၅၀ရာခိုင်နှုန်း ထက် နည်းပါးလျက်ရှိကြောင်း သိရသည်။

 

 

ဂျိုးဘိုင်ဒင်သည် ပြည်နယ်အချို့တွင် ထရန့်ကို ဉီးဆောင်လျက်ရှိနေပြီး ထရန့်၏ မဲဆွယ်စည်းရုံးရေး အဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် လိုအပ်လျက်ရှိကြောင်း မီဒီယာအချို့က ရေးသားဖော်ပြခဲ့သည်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စတင်မီ ထရန့်သည် ၎င်း၏ သက်တမ်းအတွင်း အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး အင်အားကို အလေးပေးခြင်းဖြင့် ထရန့်သည် ရွေးကောက်ပွဲကို အနိုင်ရရန် ကြိုးစားနေခြင်းဖြစ်သည်။

 

 

စီးပွားရေး ပြန်လည်နာလန်ထူရန်အတွက် ထရန့်သည် အကျပ်အတည်း ကာလအတွင်း ဉီးဆောင်နိုင်မည့် ခေါင်းဆောင်အဖြစ် ၎င်း၏ အဖွဲ့က ပြောင်းလဲခဲ့သည်။ ထရန့်၏ မဲဆွယ်စည်းရုံးရေးသည် ရှေးရိုးစွဲ မဲဆန္ဒရှင်များကိုသာ ထောက်ခံမှုရရန် မဲဆွယ်ခြင်းဖြစ်သည်။

 

 

ဂျိုးဘိုင်ဒင်သည် ကူးစက်ရောဂါနှင့် လူမျိုးရေးခွဲခြား ဆန့်ကျင်ဆန္ဒပြမှုများတွင် ထရန့်၏ ကိုင်တွယ်မှုအပေါ် အများပြည်သူ၏ ထောက်ခံမှု ကျဆင်းခြင်းကို အသုံးချပြီး မဲဆန္ဒရှင်များ၏ မဲများကို ရယူရန် ကြိုးပမ်းလျက်ရှိသည်။

 

 

ဗိုင်းရပ်စ်ကူးစက်မှု အဓိက ခံစားရသည့် တောင်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များတွင် စီးပွားရေးများကို စောစီးစွာဖြင့် ထရန့်က ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး  ထိုဒေသများတွင် အခြေအနေ ပိုမိုဆိုးရွားလာလျှင် ထရန့်သည် နောက်ထပ် မဲဆန္ဒရှင်များ၏ စိတ်ပျက်မှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု လေ့လာသူများက ပြောကြားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်