အမေရိကန်သမ္မတ ရွေးကောက်ပွဲကို အီရန်ဟက်ကာများ ပစ်မှတ်ထား

၅ အောက်တိုဘာ

 

အမေရိကန်၏ အကြီးမားဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် မက်ခရိုဆော့ဖ်၏ ပြောကြားချက်အရ ဟက်ကာအဖွဲ့အစည်းတစ်ခုသည် အီရန်အစိုးရနှင့် အချိတ်အဆက်ရှိနေပြီး အမေရိကန်သမ္မတရွေးကောက်ပွဲကို ပစ်မှတ်ထားနေသည်ဟု သိရသည်။

 

ဆိုက်ဘာတိုက်ခိုက်မှုများသည် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့ကြောင်း မက်ခရိုဆော့ဖ်ကုမ္ပဏီ က ယမန်နေ့က ပြောကြားခဲ့သည်။ ဖော့စ်ဖရတ် ဟု အမည်ရသော အဆိုပါဟက်ကာအဖွဲ့သည် အမှန်တကယ်အီးမေးလ်အသုံးပြုသူများနှင့် သက်ဆိုင်သည့် အကောင့်များကို ခွဲခြားဖော်ထုတ်ရန် အကြိမ်ပေါင်း ၂,၇၀၀ ကျော် ကြိုးပမ်းခဲ့ကြောင်းနှင့် အဆိုပါ အီးမေးလ်အကောင့် ၂၄၁ ခုအပေါ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အကောင့်များမှ အကောင့်လေးခုနှင့် အပေးအယူ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ကုမ္ပဏီအနေနှင့် အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေသော နိုင်ငံရေးလှုပ်ရှားမှုများကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့သော်လည်း ဟက်ကာအဖွဲ့အနေနှင့် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပတ်သက်သည့်သူများ၊ အစိုးရ တာဝန်ရှိသူများ၊ သတင်းစာဆရာများနှင့် ဆက်နွယ်နေသည့် အကောင့်များကို ပစ်မှတ်ထားလျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

သမ္မတထရန့် ပြန်လည်ရွေးကောက်ရေး လှုပ်ရှားမှုတွင်လည်း ဟက်ကာများက တိုက်ခိုက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့်လအတွင်းက ဆော်ဒီရေနံတွင်းများ တိုက်ခိုက်ခံရ ပြီးနောက်တွင် ဝါရှင်တန်က တီဟီရန်လုပ်ဆောင်သည်ဟု စွပ်စွဲပြောဆိုသည့်အတွက် အမေရိကန်နှင့် အီရန်၏ ဆက်ဆံရေးမှာ ခပ်တန်းတန်းဖြစ်သွားခဲ့သည်။

 

အမေရိကန်စစ်တပ်အနေနှင့် အီရန်ဒုံးကျည်ထိန်းစနစ်ကို ပစ်မှတ်ထား၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု အမေရိကန်မီဒီယာများက ပြီးခဲ့သည့် ဇွန်လအတွင်းက ပြောကြားခဲ့သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်