အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အား မွေးနေ့ဆုတောင်းစကား ပြောကြား

ဝါရှင်တန် ၁၁ ဇန်နဝါရီ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်အား မွေးနေ့ဆုတောင်းစကား ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားအဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသည်။

 

တောင်ကိုရီးယားအမျိုးသားလုံခြုံရေးဌာန ညွှန်ကြား ရေးမှူး ချန်အိယောင်က ဝါရှင်တန်တွင် ထရမ့်နှင့် တွေ့ဆုံခဲ့ပြီး အပြန်ခရီးတွင် ဆိုးလ်မြို့၌ သတင်းထောက်များအား ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ဇန်နဝါရီ ၈ ရက်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ မွေးနေ့ဖြစ်ကြောင်း ထရမ့်က မှတ်မိသဖြင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းထံမှတစ်ဆင့် မွေးနေ့ ဆုတောင်းစကားပါးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါ မွေးနေ့ဆုတောင်းပါ အချက်အလက်များကို အသေးစိတ် ဖော်ပြခြင်းမရှိကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံ ရေးဌာန ညွှန်ကြားရေးမှူး ချန်အိယောင်က ပြောကြားသည်။ ထရမ့်အနေဖြင့် ကင်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာရင်းနှီးမှုကို တည်ဆောက်ခြင်းအားဖြင့် မြောက်ကိုရီးယားနှင့် နျူကလီးယားအရေး ပြန်လည်ဆွေးနွေးနိုင်ရန် ကြိုးစားနေ သည်ဟု နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်ကြသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ